တောင်ကိုရီးယား သရုပ်ဆောင်မင်းသမီး Park Shin Hye ဟာ သူမရဲ့ ချစ်သူ Choi Tae Joon နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Google

သရုပ်ဆောင် Park Shin Hye ဟာ အသက် ၃၁ နှစ်ရှိပြီဖြစ်ပြီး သူမဆီမှာ အစ်ကိုတစ်ယောက်လည်းရှိပါတယ်။ မွေးချင်း မောင်နှမ နှစ်ယောက်တည်းရှိတာကြောင့် အစ်ကိုကြီးအနေနဲ့လည်း သူ့ညီမလေးကို တုန်နေအောင်ချစ်ပါတယ်။ Park Shin Hye တို့မောင်နှမဟာ အမြဲတတွဲတွဲရှိကြပြီး ခရီးတွေလည်း မကြာခဏထွက်လေ့ရှိကြပါတယ်။ လူမှုကွန်ရက် စာမျက်နှာပေါ်မှာလည်း သူတို့မောင်နှမနှစ်ယောက် ချစ်စရာ ဓာတ်ပုံလေးတွေကို မကြာခဏတွေ့ရလေ့ရှိပါတယ်။

Instagram

Park Shin Hye ရဲ့ အစ်ကိုကြီးနာမည်က Park Shin Won ဖြစ်ပြီး ဂီတပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မောင်နှမနှစ်ယောက်စလုံးက အနုပညာနယ်ပယ်ထဲကဖြစ်ပြီး အသက်ကတော့ ၂ နှစ်ပဲကွာတယ်လို့ သိရပါတယ်။ ညီမဖြစ်သူ မင်္ဂလာဆောင်တာနဲ့ပတ်သတ်ပြီး Park Shin Hye ရဲ့ အစ်ကိုကြီး Park Shin Won က သူ့ရဲ့ ညီမဖြစ်သူကို အင်စတာဂရမ်စာမျက်နှာပေါ်ကနေ အခုလိုမျိုးလေး ပြောခဲ့ပါတယ်။

Park Shin Won

ဒီစကားလေးကို Park Shin Won မှ သူ့ညီမဖြစ်သူ Park Shin Hye ရဲ့ မင်္ဂလာဝတ်စုံလေးနဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးနှင့်အတူ တင်ပေးထားတာပဲဖြစ်ပါတယ်။ အရမ်းကိုချစ်ဖို့ကောင်းတဲ့မောင်နှမတွေပဲနော်။ အစ်ကိုကြီးကလည်း သူ့ညီမလေးကိုတော်တော်ချစ်ရှာတာပဲ ..

Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။