တောင်ကိုရီးယား အနုပညာရှင်တွေဖြစ်ကြတဲ့ Park Se Young နှင့် Kwak Jung Wook တို့ဟာ မကြာမီမှာ လက်ထပ်ကြတော့မယ်လို့ သိရပါတယ်။

Google
Google

ဇန်နဝါရီလ ၂၄ ရက်နေ့မှာ Park Se Young ရဲ့ အေဂျင်စီဖြစ်တဲ့ CL& Company က ဒီသတင်းကိုကြေညာပေးခဲ့တာဖြစ်ပါတယ်။ အနုပညာရှင်နှစ်ယောက်ဟာ တောင်ကိုရီးယားနာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ “School 2013” မှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

အောက်မှာ CL& Company ရဲ့ ကြေညာချက်လေးကိုပါ တစ်ခါတည်းဖော်ပြပေးလိုက်ပါတယ်နော်။

“မင်္ဂလာပါ။ ကျွန်တော်တို့က CL& Company ကဖြစ်ပါတယ်။

ကျွန်တော်တို့တွေက အေဂျင်စီရဲ့ မင်းသမီး Park Se Young နဲ့ပတ်သတ်တဲ့ သတင်းကောင်းလေးတစ်ခုကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အလည်လောက်မှာ Park Se Young က သူ့ရဲ့ချစ်သူ မင်းသား Kwak Jung Wook နှင့်အတူ ဆိုလ်းမြို့မှာရှိတဲ့ နေရာတစ်ခုမှာ လက်ထပ်ကြတော့မှာဖြစ်ပါတယ်။

သူတို့နှစ်ဦးက “School 2013” ဇာတ်လမ်းတွဲမှာ အတူတူသရုပ်ဆောင်ရင်း ချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပါတယ်။ နှစ်ယောက်စလုံးက သူငယ်ချင်းတွေလိုရော ချစ်သူရည်းစားတွေလိုရော ပေါ့ပေါ့ပါးပါးလေး တွဲခဲ့ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ ဒါကြောင့် သူတို့လေးတွေကို ဆက်ပြီး အားပေးပေးကြပါနော်။

Google

မင်္ဂလာပွဲကြီးကြီးမားမားပြုလုပ်သင့်တဲ့ အချိန်မဟုတ်တာကြောင့် ပွဲကိုတော့ မိသားစုဝင်တွေ ၊ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ပဲ အကျဉ်းချုံးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့  ပရိသတ်တွေနဲ့သတင်းသမားတွေအနေနဲ့လည်း နားလည်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

မင်းသမီး Park Se Young အနေနဲ့လည်း နောက်ပိုင်းဇာတ်လမ်းတွဲတွေမှာ ထပ်ပြီး ပါဝင်ဖို့ ရှိပါသေးတယ်။ ကျေးဇူးပြုပြီး မင်းသမီးကို အချစ်တွေမလျော့ဘဲ ဆက်ပြီး အားပေးသွားကြပေးပါနော်။

ကျေးဇူးတင်ပါတယ်။”

Korseries

Park Se Young နှင့် Kwak Jung Wook တို့မောင်နှံအတွက်လည်း ဂုဏ်ယူပါတယ်နော်။ သာယာပျော်ရွှင်သော ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။