ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် ပရဟိတအလုပ်လေးတွေကို တိုးချဲ့လုပ်ကိုင်သွားနိုင်ဖို့ တတ်နိုင်သမျှကြိုးစားနေတဲ့သူဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သူမဟာ တောင်ဒဂုံ ၁၀၅ ရပ်ကွက်မှာ ဆောက်လုပ်နေတဲ့ အဆောက်အဦးလေးအကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့်ပြောပြပေးလာပါတယ်။ အဆောက်အဦလေးက မကြာခင်မှာ ပြီးစီးတော့မှာဖြစ်ပြီး အဆောက်အဦးတန်ဖိုးက မြေမပါကိုမှ သိန်း ၃၅၀ ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

ဒီအဆောက်အဦကြီးကို ပရဟိတမင်းသမီးခိုင်နှင်းဝေမှ ခြေတုများတပ်ပေးခြင်း ၊ ကိုယ်ဝန်ဆောင်များ စောင့်ရှောက်ခြင်းနှင့် အခြားပရဟိတလုပ်ငန်းများအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုဆောင်ရွက်နေမှုများအားလုံးကို ပရဟိတ မင်းသမီး ခိုင်နှင်းဝေမှ အလှူရှင်များအားလုံး လှူဒါန်းငွေများနှင့် သူမရဲ့ အနုပညာလုပ်အားခများ အားလုံး စုပေါင်းကာလုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

Khine Hnin Wai's Facebook

လိုအပ်သူများအတွက် တတ်နိုင်သမျှအထောက်အပံ့လေးများ ဆောင်ရွက်ကူညီပေးသွားမယ်ဖြစ်ကြောင်းလည်း ပရဟိတမင်းသမီး ခိုင်နှင်းဝေမှ ထပ်ဆောင်းပြောထားပါသေးတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။