ထိုင်းမင်းသမီးလေး Davika Hoorne ဟာဆိုရင် ထိုင်းနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ Rangsit University တက္ကသိုလ်ကနေ မာစတာဘွဲ့ကို ရရှိပိုင်ဆိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ Davika Hoorne ဟာ အနုပညာလောကမှာ ထူးချွန်တဲ့သူဖြစ်တဲ့အပြင် စာပေပညာမှာလည်း ထူးချွန်တဲ့သူလေးဖြစ်ပါတယ်။ သူမဟာ ၂၀၁၈ ခုနှစ်တုန်းက Rangsit University မှာပဲ ရိုးရိုး Bachelor ဘွဲ့ကိုရရှိခဲ့ပြီး မာစတာဘွဲ့အတွက်ကို ဆက်လက်တတ်ရောက်ခဲ့တာဖြစ်ပါတယ်။

Davika's Instagram
Davika's Instagram
Davika's Instagram

 ဇန်နဝါရီလ ၂၃ ရက်နေ့မှာတော့ မမ Davika တစ်ယောက် မာစတာဘွဲ့နှင်းသဘင် အခန်းအနားကို ချစ်ရသူနဲ့ အတူတူ တတ်ရောက်ခဲ့ပါတယ်။ Davika Hoorne ရရှိခဲ့တဲ့ ဘွဲ့က ပေါင်းသင်းဆက်ဆံရေး မဟာဝိဇ္ဇာဘွဲ့ (Faculty of Communication Arts) ဖြစ်တယ်လို့ သိရပါတယ်။

Davika's Instagram
Davika's Instagram
Davika's Instagram

Davika Hoorne ဟာ အနုပညာကို ဝါသနာပါသလို ကျောင်းတတ်ရတာကိုလည်း ဝါသနာပါတဲ့သူလေးဖြစ်ပါတယ်။ Davika ဘွဲ့ယူခဲ့တဲ့ ပုံလေးတွေကို Rangsit University ကနေ ဝေမျှပေးခဲ့သလို Davika ရဲ့ အင်စတာဂရမ် စာမျက်နှာမှာလည်း ဝေမျှပေးထားပါတယ်။

Davika's Instagram
Davika's Instagram

မာစတာဘွဲ့ဝတ်စုံလေးနဲ့ Davika ရဲ့ ဓာတ်ပုံလေးတွေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။ ဂုဏ်ယူပါတယ်နော် မမ Davika ရေ .. အရမ်းတော်လိုက်တာ ..

Rangsit University's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။