တောင်ကိုရီးယားသရုပ်ဆောင် Park Shin Hye နှင့် Choi Tae Joon တို့ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့တုန်းကလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ကောလိပ်တတ်တုန်းကတည်းက ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး ၅ နှစ်ကြာတွဲပြီးတဲ့နောက်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ မင်္ဂလာစုံတွဲလေးဟာ နှစ်ဦးနှစ်ဖက် ခင်မင်ရင်းနှီးတဲ့ မိသားစုဝင်တွေ ၊ သူငယ်ချင်းမိတ်ဆွေတွေကို ဖိတ်ကြားပြီး မင်္ဂလာပွဲကိုလည်း အကျဉ်းချုံးလေးသာလုပ်ခဲ့ပါတယ်။

Google 

Park Shin Hye နှင့် Choi Tae Joon တို့ ရဲ့ မင်္ဂလာပွဲဓာတ်ပုံတွေဟာလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။ ထွက်ရှိလာတဲ့ မင်္ဂလာဓာတ်ပုံတွေကို ပရိသတ်တွေကဖြတ်ညှပ်ပြီး ဆက်ကြည့်လိုက်တဲ့အချိန်မှာတော့ အံ့သြစရာကောင်းလှစွာ ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ မင်္ဂလာမောင်နှံရဲ့ မျက်နှာနေ မျက်နှာထားဟာ တူလွန်းတာကြောင့် တစ်ရုပ်တည်းအဖြစ်ကို ပြောင်းသွားတာဖြစ်ပါတယ်။

Photo - Crd

ပရိသတ်တွေကြားမှာလည်း မင်္ဂလာမောင်နှံရဲ့ ရုပ်ချင်း ဆင်လွန်းတဲ့ အကြောင်းအရာက လူပြောများနေခဲ့ပါတယ်။

Soompi

Park Shin Hye ဟာ သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်ကနေလည်း သူမကိုယ်ဝန်ရှိတာကို ထင်သာမြင်သာရှိစေမယ့် ရိုးရာသတို့သမီးဝတ်စုံနဲ့ ဓာတ်ပုံလေးကို တင်ပေးထားပါသေးတယ်။

Park Shin Hye's Instagram

ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံလေး နှစ်ယောက် အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ကြပါစေနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။