ငွေဆောင်ကမ်းခြေပတ်လည်နေရာတွေမှာ ဒေသအခေါ် ငါးမန်းဖလောင်းတွေကို မကြာခဏတွေ့ရလေ့ရှိပါတယ်။ ငါးမန်းဖလောင်းတွေကို တချို့တွေကလည်း ဝေလငါးမန်း (Whale Shark) လို့ခေါ်ဝေါ်ကြပါတယ်။ ငါးမန်းဖလောင်းတွေက ငါးအသေးလေးတွေကိုသာ စားကြပြီး လူတွေကို အန္တရာယ် မပြုတတ်ပါဘူး။

ဒီတစ်ခေါက်မှာလည်း ငွေဆောင်အပြင်ဘက် အပိုင်းကို ရောက်ရှိသွားသူတစ်ယောက်က အခုလို ငါးမန်းဖလောင်းကြီးကို အနီးကပ်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အနီးကပ်မြင်တွေ့ရတဲ့ ငါးမန်း ဖလောင်းကြီးက အရမ်းကို လှပပြီး ချစ်စရာကောင်းလွန်းလှပါတယ်။

Video Credit to Original Uploader

ဗီဒီယိုထဲမှာတွေ့ရတဲ့ ငါးမန်းဖလောင်းက အကောင် အသေးလေးပဲရှိပါသေးတယ်။ ငါးမန်းဖလောင်း တွေက လူကြောက်တတ်တဲ့ ငါးကြီးတွေမဟုတ်ပါဘူး။ လူယဉ်ပြီး သင်္ဘောတွေ၊ လှေတွေဘေးနားကနေ ကပ်ပြီးလိုက်တတ်တဲ့ အကောင်ကြီးတွေဖြစ်ပါတယ်။ ငွေဆောင်ကမ်းခြေက ဒေသခံတွေကလည်း မတော်တဆ ငါးမန်းဖလောင်းကြီးတွေကို ဖမ်းမိခဲ့ရင်  ပြန်လည် လွှတ်ပေးကြပါတယ်။

Photo Credit
Photo Credit
Photo Credit

 ငါးမန်းဖလောင်းကြီးတွေက ပင်လယ်ထဲမှာသာနေတတ်ကြပြီးများသောအားဖြင့် ဆောင်းဦးပေါက် နွေရာသီကာလများမှာ ပေါ်လာတတ်ကြပါတယ်။ အားလုံးပဲ ဗဟုသုတရစေရန်အလို့ငှာ ငါးမန်းဖလောင်းရဲ့ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။