တောင်ကိုရီးယားဝါရင့် မင်းသမီး Choi Ji Woo ဟာ ကိုရီးယားနိုင်ငံရဲ့ အလှဆုံးအမျိုးသမီးတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့သူဖြစ်ပါတယ်။ Choi Ji Woo ဟာ ၂၀၂၀ ခုနှစ်မှာ ရင်သွေးလေး မွေးဖွားပြီး အနုပညာလှုပ်ရှားမှုတွေကို ခေတ္တခဏ ရပ်ဆိုင်းခဲ့ပါတယ်။ ရင်သွေးလေး မွေးဖွားခဲ့ပြီးနောက် ၂ နှစ်အကြာမှာတော့ အနုပညာလမ်းမထက်ဆီကို ပြန်လည်ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။ ။ သူမ ပထမဦးဆုံး ပြန်လည်ပါဝင်လာမယ့် ဇာတ်လမ်းတွဲနာမည်က Lee Sung Kyung နှင့် Kim Young Dae တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Shooting Star ဖြစ်ပါတယ်။

mongdies
mongdies

Shooting Star မှာ သူမက ဧည့်သည်သရုပ်ဆောင် နာမည်ကြီး Top Star တစ်ယောက်အနေနဲ့ပါဝင်မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲက Choi Ji Woo အနုပညာလုပ်ငန်းတွေခဏရပ်ထားပြီး သာမန် မိခင်တစ်ယောက်အဖြစ် ၂ နှစ်ကြာတည်ရှိပြီးနောက်မှာ ပြန်လည် ရိုက်ကူးမယ့် ဇာတ်လမ်းဖြစ်ပါတယ်။

Soompi

ချစ်ဖို့ကောင်းပြီး ကျက်သရေရှိလှတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီး Choi Ji Woo ကိုပြန်လည်မြင်တွေ့ရတော့မယ်ဆိုတော့ အရမ်းကိုစိတ်လှုပ်ရှားမိပါတယ်။ အားလုံးပဲ Shooting Star ကိုကြည့်ဖို့ အဆင့်သင့်ပဲလား။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။