တောင်ကိုရီးယားသရုပ်ဆောင် Kwon Sang Woo ဟာဆိုရင် ရုပ်ရှင်ဇာတ်လမ်းတွေတော်တော်များများမှာပါဝင်ဖူးတဲ့သူဖြစ်ပါတယ်။ အရမ်းကို သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် Kwon Sang Woo ပါဝင်သရုပ်ဆောင်တဲ့ဇာတ်လမ်းတော်တော်များများဟာလည်း တော်တော်လေးကြည့်ကောင်းပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ Arena Homme Plus မဂ္ဂဇင်းရဲ့ အင်တာဗျူးမှာ Kwon Sang Woo တစ်ယောက် သူ့ရဲ့ သရုပ်ဆောင်ချက်တွေအကြောင်းကို ဝေမျှခဲ့ပါတယ်။

Soompi

လက်ရှိမှာဆိုရင် မင်းသား Kwon Sang Woo က “The Pirates: Goblin Flag” ဆိုတဲ့ ဇာတ်လမ်းကို ရိုက်ကူးနေတာဖြစ်ပါတယ်။ The Pirates: Goblin Flag မှာပါဝင်တဲ့ အက်ရှင်ဇာတ်ဝင်ခန်းနဲ့ ပတ်သတ်ပြီးတော့ Kwon Sang Woo ကအခုလိုပြောလာခဲ့ပါတယ်။

Soompi
Kwon Sang Woo
Soompi
Google

သရုပ်ဆောင်ပိုင်းနဲ့ပတ်သတ်ပြီးတော့လည်း Kwon Sang Woo တစ်ယောက် အကြားချင်ဆုံးစကားလေးကို အခုလို ဝေမျှပေးလာခဲ့ပါတယ်။

Kwon Sang Woo
Dispatch Photos

Kwon Sang Woo ဟာ လက်ရှိမှာလည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ နာမည်တစ်ခုမှာရပ်တည်နိုင်နေပြီဖြစ်ပေမယ့် သူ့ရဲ့ ရည်မှန်းချက်က စွယ်စုံရ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တာဖြစ်ကြောင်းကို ထပ်မံပြောထားတာဖြစ်ပါတယ်။ အမြဲတမ်း ကြိုးစားချင်စိတ်ရှိနေတဲ့ Kwon Sang Woo တစ်ယောက်နောက်ထပ်လည်း အောင်မြင်မှုတွေ ရရှိလာဦးမယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။