အားလုံးရဲ့အချစ်တော် မင်းသမီးလေး  Park Shin Hye ရဲ့ မင်္ဂလာပွဲကိုတော့ ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ နာမည်ကြီး အနုပညာရှင်တွေ စုံစုံလင်လင်နဲ့အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီ။ မင်္ဂလာပွဲပြီးပြီးဆိုတော့ မင်္ဂလာပွဲကို တတ်ရောက်ခဲ့ကြတဲ့ နာမည်ကြီး အနုပညာရှင် တွေအကြောင်းကို ပြန်ပြီးပြောပြပေးသွားပါမယ်နော်။ Park Shin Hye ရဲ့ မင်္ဂလာပွဲကို တတ်ရောက်ခဲ့ကြတဲ့ ဧည့်သည်တွေထဲမှာ Exo အဖွဲ့ဝင် D.O ၊ Lee Min Ho နှင့် အခြား အနုပညာရှင်တွေ အများကြီး ပါဝင်ခဲ့ကြပါတယ်။

အဲဒီထဲကမှ Lee Min Ho ရဲ့ အဖြစ်ကတော့ တကယ့်ကို ထူးထူးခြားခြားလေး ဖြစ်နေတာကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။ Lee Min Ho ကို ဖိတ်ကြားထားတဲ့ မင်္ဂလာပွဲ ဖိတ်စာရဲ့ နာမည်လေးက “The Heirs” ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ အဓိကဇာတ်ကောင်ရဲ့နာမည် Kim Tan ဖြစ်ပါတယ်။ “The Heirs” ဇာတ်လမ်းထဲမှာဆိုရင် Lee Min Ho နဲ့ Park Shin Hye နဲ့က စုံတွဲလေးဖြစ်ပါတယ်။ ဒါကြောင့် Lee Min Ho ကို Ex ရဲ့ မင်္ဂလာပွဲတတ်ရောက်တယ်ဆိုပြီး “The Heirs” ဇာတ်လမ်းက ဇာတ်ကောင်နဲ့တွဲပြီး ဝိုင်းနောက်နေကြတာဖြစ်ပါတယ်။

Lee Min Ho's Instagram
Lee Min Ho's Instagram
Lee Min Ho's Instagram

မင်္ဂလာပွဲကိုတတ်ရောက်လာကြတဲ့သူတွေအားလုံးက Park Shin Hye နှင့် Choi Tae Joon တို့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်တယ်လို့ Dispatch ရဲ့ အဆိုအရ သိရပါတယ်။ မင်္ဂလာပွဲအခန်းအနားမှာ Exo အဖွဲ့ဝင် D.O နှင့် Crush တို့က Goblin ရဲ့ ဇာတ်ဝင်တေး “Beautiful” ကို သီဆိုခဲ့ကြပါတယ်။

Youtube

FT Island အဖွဲ့က Lee Hong Gi က The Heirs ရဲ့ Ost ဖြစ်တဲ့ “That’s Me” သီချင်းကို သီဆိုခဲ့ပါတယ်။

Twitter

သတို့သား Choi Tae Joon ရဲ့ သူငယ်ချင်း Rapper Zico ကလည်း စုံတွဲလေးအတွက် ကဗျာစာလေးစပ်ပေးခဲ့ပါတယ်။

Instagram

အခြားတတ်ရောက်လာကြတဲ့သူတွေက Kim Bum ၊ Seolhyun ၊ Park Junyeol ၊ Nam Jihyun ၊ Nam Koongmin တို့ဖြစ်ပါတယ်။ 

 နာမည်ကြီးတွေဖြစ်ကြတဲ့ IU ၊ Lee Min-ho ၊ Lee Seo-jin ၊ Yoo Yeon-seok ၊ Oh Yeon-seo ၊ Umji-won ၊ Im Seul-ong ၊ Hwang Chan-seong ၊ Lee Dong-hwi ၊ Yoon Kyun-sang နှင့် Son Yeon-jae တို့လည်း တတ်ရောက်ခဲ့ကြပါတယ်။

Instagram
Instagram
Instagram

ဧည့်သည်စုံစုံလင်လင်နဲ့ပျော်ပျော်ရွှင်ရွှင် ကျင်းပလို့ပြီးစီးသွားတဲ့ မင်္ဂလာပွဲလေးကနေ မင်္ဂလာဇနီးမောင်နှံနှစ်ယောက် အိုအောင်မင်းအောင် ပေါင်းဖက်နိုင်ပါစေလို့ မင်မင်ကလည်း ဆုတောင်းပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။