အနုပညာရှင်တွေဆိုတာ သာမန်လူတွေထက် သူတို့ကို ချစ်ခင်အားပေးတဲ ့ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုပိုခံရသူတွေဖြစ်ပါတယ်။
အမြဲတမ်း ဖက်ရှင်ကျကျဝတ်စားလေ့ရှိတဲ့ မင်းသမီးချော နန်းစုရတီစိုး ကတော့ ယနေ့အချိန်ထိ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။
အနုပညာအလုပ်တွေစိပ်သွားပေမယ့် ကြော်ငြာဓာတ်ပုံတွေတော့ လက်ခံရိုက်ကူးနေဆဲဖြစ်တဲ့ သူမဟာ မိသားစုနဲ့လည်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူလည်းဖြစ်ပါတယ်။
ရက်ပါ အဆိုတော်တစ်ဦးအဖြစ် တော်ကီအလန်းလေးတွေနဲ့ သီချင်းစပ်ဆိုတတ်တဲ့ Gfatt ကတော့ လူငယ်ပရိသတ်တွေနဲ့ထပ်တူကျတဲ့ သီချင်းလေးတွေကြောင့် နာမည်ကြီးနေသူပါ။
အနုပညာမောင်နှမတွေဖြစ်တဲ့ Gfatt နဲ့ အပျိုကြီးမမ နန်းစုရတီစိုး ခင်မင်မှုဆက်ဆံရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လအတွင်း လူမှုကွန်ရက်မှာ ပရိသတ်တွေကြား အတော်လေး ဂယက်ထသွားခဲ့ပါတယ်။
နန်းစုဟာ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပျံ့နှံ့နေတဲ့ကောလဟာလတွေကို တရားဝင်ပြန်ဖြေရှင်းထားခြင်းမရှိသလို သူတို့နှစ်ဦး ဖေ့ဘုတ်မှာ ကွန့်မန့်လေးတွေအပြန်အလှန်ပေးရင်း စနောက်ထားတာကိုတော့ ပရိသတ်တွေက သတိထားမိကြပါတယ်။
လက်တလောမှာတော့ နန်းစုက သူမရဲ့ အင်စတာဂရမ်မှာ “ငါနင့်ကိုချစ်တယ်” ဆိုတဲ့ မိုးပျံပူဖောင်းလေးတွေကို ကိုင်ထားတဲ့ ဓာတ်ပုံလေးတင်ထားပြီး Gfatt က “ဘယ်သူပေးတာလဲပါရေးလေ” ဆိုတဲ့စာလေးနဲ့ မဲ့နေတဲ့ အီမိုဂျီပုံလေးနဲ့အတူ ကွန့်မန့်ပေးထားပါတယ်။
အဲ့ဒီဓာတ်ပုံလေးအောက်မှာ နန်းစုကလည်း ကိုယ့်ရဲ့crush လာပေးတာလေ အဟက် “ ဆိုပြီး တစ်ဦးနဲ့တစ်ဥိး အပြန်အလှန်ကွန့်မန့်ပေးထားကြတာကိုတွေ့ရမှာပါ။
သူတို့နှစ်ဦးလုံးရဲ့ ပရိသတ်တွေကတော့ သဘောကျနေကြပြီ့း လိုက်ဖက်တယ်လို့မှတ်ချက်ပေးထားကြပါတယ်။
သတင်းအရင်းမြစ် Instagram
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။