ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် ၊ သရုပ်ဆောင် IU ဟာဆိုရင် ကမ္ဘာ့အနှံ့အပြားက ကောင်လေးတွေသာမက ကောင်မလေးတွေရဲ့ အချစ်ကိုပါ ရရှိပိုင်ဆိုင်ထားတဲ့သူလေးဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့်မျက်နှာမပြောင်းသွားပဲ ပိုပိုပြီး လှလာတဲ့ မတ်မတ် IU ဟာ လာမယ့် မေလထဲမှာ အသက် ၂၉ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အသက် ၃၀ နားကပ်နေပေမယ့် မတ်မတ် IU ရဲ့ မျက်နှာလေးကတော့ ဘယ်အချိန်ကြည့်ကြည့်ကလေးလေးလိုမျိုး ဖြစ်နေပါတယ်။

Google 
Google

အခုတစ်ခေါက်မှာလည်း IU က သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ “ဆင်စွယ်ရောင်အင်္ကျီကာလာလေးနဲ့ကြည့်လို့ကောင်းနေပါတယ်ရှင်” ဆိုပြီး လှပတဲ့ဂါဝန်လေးနဲ့ပုံလေးကို တင်ပေးထားပါတယ်။ နောက်ခံလေးကိုလည်း ပန်းလေးတွေ အများကြီးနဲ့ ဝန်းရံထားတာကြောင့် ပန်းမင်းသမီးလေးတစ်ယောက်လို့ လိုက်ဖက်မှုရှိပြီး လှချင်တိုင်းလှလွန်းနေပါတယ်။

IU's Instagram

IU ရဲ့ နုဖပ်နေတဲ့ဓာတ်ပုံလေးအောက်မှာလည်း အင်စတာဂရမ်အသုံးပြုသူတွေက အခုလို မှတ်ချက်လေးတွေ ပေးထားကြပါတယ်။ “အွန်နီးရား ..အွန်နီးက ဘယ်အရောင်လေးဝတ်ဝတ်ကြည့်ကောင်းတယ်။” “ဆင်စွယ်ရောင်လေးနဲ့ပဲကြည့်ကောင်းတယ်ထင်နေတာလား .. မဟုတ်ဘူးနော် လုံးဝမဟုတ်ဘူး .. အစ်မက ဘယ်အရောင်လေးဝတ်ဝတ် အကုန်လုံးနဲ့ကြည့်ကောင်းတယ်” “အရမ်းလှတယ်” စတဲ့ မှတ်ချက်လေးတွေ ပေးထားကြပါတယ်။

Google

IU ဟာဆိုရင် အခု ၂၀၂၂ ခုနှစ်ထဲမှာ ၂၉ နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။ အသက် ၃၀ နားကပ်လာပေမယ့် မတ်မတ် IU ရဲ့ အလှကတော့ အခုအချိန်ထိ ချောပြီးရင်းချော နုပြီးရင်းနု ကလေးလေးတစ်ယောက်လိုမျိုး ဖြစ်နေတုန်းပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။