တောင်ကိုရီးယား သရုပ်ဆောင်မင်းသမီးကြီး Kim Mi Kyung ဟာ သရုပ်ဆောင် Park Shin Hye နှင့်အတူ နေ့လည်စာစားနေတဲ့ ဓာတ်ပုံလှလှလေးကို ဖော်ထုတ်ပြသပေးလိုက်ပါတယ်။ ဓာတ်ပုံလေးနှင့်အတူ အိမ်ထောင်ရှင်မဖြစ်လာတော့မှာကို ဂုဏ်ပြုကြောင်း စာလေးကိုပါ ပူးတွဲရေးပေးထားပါတယ်။

Kim Mi Kyung's Instagram
Kim Mi Kyung

ဓာတ်ပုံထဲမှာ တောင်ကိုရီးယားမင်းသမီးကြီး Kim Mi Kyung ဟာ Park Shin Hye ရဲ့အနားမှာ လှပကြီးမားတဲ့ အပြုံးလေး ပြုံးပြီး ရပ်နေတာဖြစ်ပါတယ်။ တကယ့်ကို သားအမိတွေလို ချစ်ကြတဲ့  သရုပ်ဆောင် နှစ် ယောက်ရဲ့ ပုံလေးတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း နာမည်ကြီးနေပါတယ်။  Park Shin Hye ဟာ လက်ရှိမှာ ကိုယ်ဝန်ဆောင်ထားရတာဖြစ်ပါတယ်။

Google Photo

Park Shin Hye နှင့် သူမရဲ့အမျိုးသား သရုပ်ဆောင် Choi Tae Joon တို့ဟာ တွဲပြီး ၅ နှစ် အကြာ အခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ လက်ထပ်ကြတော့မှာပဲဖြစ်ပါတယ်။

Google Photo 

၂၀၂၁ ခုနှစ် နိုဝင်ဘာလ မှာ Park Shin Hye ဟာ ရင်သွေးလေး လွယ်ထားရပြီဖြစ်ကြောင်းကို ကြေညာပေးခဲ့တာပဲဖြစ်ပါတယ်။

Google Photo 

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။