ဦးကျော်သက်လင်းဟာဆိုရင် မြန်မာ့ရုပ်မြင်သံကြားကနေ အစောဦးဆုံး CDM လုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ ဦးကျော်သက်လင်းဟာ ဦးစီးအရာရှိရာထူးကိုစွန့်လွှတ်ပြီး လက်နက်တော်လှန်ကာ တိုက်ပွဲဝင်နေတဲ့သူဖြစ်ပါတယ်။ စျေးကြီးလွန်းတဲ့ အိမ်မက်အတွက် ပင်ပန်းစွာ ပေးဆပ်ခဲ့ရတာကို ဦးကျော်သက်လင်းက အခုလို​ပြောလာခဲ့ပါတယ်။ 

U Kyaw Thet Linn’s Facebook 

“ကျနော်စကတည်းကပြောခဲ့ပါတယ်။

မစစ်မှန်တဲ့အရာတွေက ကြာကြာမခံပါဘူး။

လူတွေဖန်တီးထားတဲ့အရာတွေပဲဖြစ်ဖြစ် 

ရင်ထဲကဆန္ဒတွေရည်မှန်းချက်တွေပဲဖြစ်ဖြစ်

စေတနာမမှန်ရင် ဆန္ဒမကြီးရင် လွယ်လွယ်ပဲကွယ်ပျောက်သွားကြမှာပါ။

ကျနော်တို့ အိပ်မက်တွေကစျေးကြီးလွန်းပါတယ်။အသက်တွေ စည်းစိမ်တွေ  ရာထူးတွေ မိသားစုတွေကိုစွန့်လွှတ်ပြီးမက်ရပါတယ်။

မင်းလည်းလိုက်မက်ကွာလို့ ဒီအဖိုးကြီးကပြောမထွက်ပါဘူး။

U Kyaw Thet Linn’s Facebook 

ဒီလိုနဲ့ပဲ ကျနော်တစ်ယောက်ထဲ ဘယ်သူ့မှမစည်းရုံး မသိမ်းသွင်းပဲထွက်လာခဲ့တယ်။လမ်းတူရင် တစ်နေ့မှာကျနော်တို့ဆုံကြမှာပါ။

လမ်းတူပေမယ့်လည်း အိပ်မက်တွေအတွက် အသက်တွေပေးခဲ့ကြတဲ့သူတွေနဲ့တော့ဖြင့် မဆုံနိုင်ကြတော့ပါဘူး။

ကျန်ခဲ့ကြတဲ့သူတွေနဲ့ပဲ...

စျေးကြီးလွန်းတဲ့အိပ်မက်တွေအကြောင်း တဝကြီးထိုင်ပြောကြတာပေါ့....။”

U Kyaw Thet Linn’s Facebook 

ဦးကျော်သက်လင်းရဲ့ စကားတွေဟာ တကယ်ကို မှန်ပြီး ထိရှလွန်းပါတယ်နော်။ ပြန်ဆုံနိုင်မယ့် သူတွေအတွက်ရောပြန်မဆုံနိုင်တော့မယ့် သူတွေအတွက်ရောနဲ့ အောင်မြင်တဲ့ ပန်းတိုင်တစ်ခုကိာ အမြန်ဆုံးရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။