အသံပါဝါအားကောင်းကောင်းနဲ့ စွဲမတ်စရာသီချင်းတွေကို သီဆိုနိုင်တဲ့ တောင်ကိုရီးယား နာမည်ကြီး အမျိုးသား အဆိုတော်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Chen ဟာဆိုရင် ဒုတိယမြောက်ရင်သွေးလေးကို ရရှိပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်။ ဒီသတင်းကို Chen ရဲ့ အေဂျင်စီဖြစ်တဲ့ SM Entertainment ကနေ အတည်ပြုကြေညာပေးခဲ့တာပဲဖြစ်ပါတယ်။

Soompi

နိုဝင်ဘာလ ၂၀၂၁ ခုနှစ်တုန်းက Chen က သူ့ရဲ့ ဇနီးဖြစ်သူဟာ ဒုတိယမြောက်ကလေးကို လွယ်ထားရပြီဖြစ်တဲ့အကြောင်းကို ကြေညာပေးခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Chen ရဲ့ ဇနီးဖြစ်သူက ဒုတိယမြောက် ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

Koreaboo
Soompi

Exo အဖွဲ့ဝင် Chen ဟာ ဇန်နဝါရီလ ၂၀၂၀ ခုနှစ်မှာ နာမည်ကြီးမဟုတ်တဲ့ အမျိုးသမီးဖြစ်သူနဲ့လက်ထက်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

Soompi

လက်ထပ်ပြီးနောက် ဧပြီလ ၂၀၂၀ ခုနှစ်မှာ ပထမဦးဆုံး ရင်သွေးလေးကို ရရှိပိုင်ဆိုင်ခဲ့ပြီး လက်ရှိမှာတော့ ဒုတိယမြောက်ရင်သွေးလေးကို ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ Chen ဟာ လက်ရှိမှာ စစ်မှုထမ်းဆောင်နေရတာဖြစ်ပြီး ဧပြီလ ၊ ၂၀၂၂ ခုနှစ်မှာ စစ်မှုထမ်းကာလ ပြီးဆုံးတော့မှာပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။