ကမ္ဘာကျော်ဘောလုံးသမား Cristiano Ronaldo ရဲ့ အမျိုးသမီး Georgina Rodriguez ရဲ့ မိသားစုအတူ ကိုယ်ပိုင် ဂျက်လေယာဉ်ပေါ်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။

georginagio's Instagram 

Ronaldo ဟာ သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးကိုစီးပြီး ဆွစ်ဇာလန်နိုင်ငံကို ဇနီးဖြစ်သူ Georgina နှင့် သားဖြစ်သူ Cristiano Jr တို့နှင့်အတူ special Fifa ဆုကို ယူဖို့သွားရောက်ခဲ့တာဖြစ်ပါတယ်။ ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးပေါ်မှာ မိသားစုအတူ ပျော်ပျော်ပါးပါးရှိနေတဲ့ ဓာတ်ပုံလေးတွေကို Georgina မှ သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတစ်ဆင့် “My Kings” (ကျွန်မရဲ့ဘုရင်များ) ဆိုတဲ့ စာသားလေးနဲ့ ဝေမျှပေးလာတာပဲဖြစ်ပါတယ်။ 

georginagio's Instagram 
georginagio's Instagram 

Ronaldo ဟာဆိုရင်လည်း သူ့ရဲ့ဇနီးဖြစ်သူသားဖြစ်သူတို့နဲ့ ဆုပေးပွဲအခန်းအနားတတ်ရောက်တဲ့ ပုံလေးတွေကို အင်စတာဂရမ် စာမျက်နှာပေါ်မှာ ဝေမျှပေးထားပါတယ်။

Cristiano's instagram

ချစ်ဖို့ကောင်းပြီး ကြည်နူးစရာ ဓာတ်ပုံလေးတွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပြီးပြီးချင်းခဏမှာပဲ လူစိတ်ဝင်စားမှု အများကြီးရရှိခဲ့ပါတယ်။ Ronaldo ရဲ့ အမျိုးသမီး Georgina ဟာဆိုရင် အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး လက်ရှိမှာ အမွှာပူးကိုယ်ဝန်လေးကိုလွယ်ထားနေရပြီပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။