ဘောလိဝုဒ်နာမည်ကြီးမင်းသား Shah Rukh Khan က သူ့ရဲ့သားသမီးတွေကို စည်းကမ်းတွေနဲ့တင်းကျပ်မယ့်အစား သူငယ်ချင်းပေါင်းပေါင်းတယ်ဆိုတာကို အားလုံးပဲသိကြမှာပါနော်။ Shah Rukh Khan ဟာ သူ့ရဲ့ ဒီနည်းလမ်းကို ကလေးတွေစတင်မွေးဖွားလာချိန်ကတည်းက လိုက်ပါလုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာလည်း Shah Rukh Khan က သူ့ရဲ့သားဖြစ်သူမွေးပြီး သိပ်မကြာခင်မှာပဲ သားဖြစ်သူကို သူငယ်ချင်းလို့ အမည်တပ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

American TV Channel တစ်ခုမှာလည်း Aryan မွေးလာတာနဲ့ပတ်သတ်လို့  Shah Rukh ကို အဖေတစ်ယောက်ဖြစ်လာတာဘယ်လို ခံစားရလဲ ဘယ်လို ပြောင်းလဲမှုတွေဖြစ်သွားလဲ ဆိုတဲ့ မေးခွန်းကို Shah Rukh တစ်ယောက် အခုလို ပြန်ဖြေခဲ့ပါတယ်။

Shah Rukh

Shah Rukh အနေနဲ့ သားတစ်ယောက်မွေးဖွားလာတာကို သူငယ်ချင်းအသစ်တစ်ယောက် ရလာတယ်လို့ပဲမြင်တယ်လို့ သိရပါတယ်။ ဒါကြောင့် သားဖြစ်သူကိုမွေးဖွားလာပေမယ့်လည်း Shah Rukh ရဲ့ဘဝက မပြောင်းလဲသွားပါဘူး။ အလုပ်နဲ့မိသားစုဘဝနဲ့ကို ဟန်ချက်ညီအောင် ဘယ်လို ထိန်းလဲဆိုတဲ့ မေးခွန်းကိုလည်း Shah Rukh က အခုလို ပြန်ဖြေထားပါတယ်။

Shah Rukh

Aryan Khan ဟာ Gauri Khan နှင့် Shah Rukh Khan တို့ရဲ့သားဖြစ်ပြီး သူ့ကို ၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ Aryan Khan မွေးတဲ့အချိန်မှာ Shah Rukh Khan ဟာတော်တော်လေး အောင်မြင်နေတာပဲဖြစ်ပါတယ်။ Shah Rukh Khan မှာ သားတစ်ယောက်အပြင် နောက်ထပ် သမီးတစ်ယောက်နဲ့သားအငယ်ဆုံးလေးတစ်ယောက်လည်းရှိပါသေးတယ်။ Shah Rukh Khan ဟာ သူ့ရဲ့သားတွေ သမီးတွေကို ဖခင်တစ်ယောက်ပုံစံထက် သူငယ်ချင်းတွေလိုမျိုးသာ ဆက်ဆံတဲ့သူဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။