မြန်မာ့စပါးအုံးမြွေကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ အောင်လအန်ဆန်းဟာဆိုရင် ထိမိတဲ့ထိုးနှက်ချက်တွေ ၊ အပွေ့အချီ၊ အဟန် ၊ အချုပ် အကွက်တွေကြောင့် MMA လောကမှာ ဆရာတစ်ဆူပဲဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ ကိုယ်ခံပညာမျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင်တတ်ရောက်တဲ့ ကချင်တိုင်းရင်းသားတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာ နိုင်ငံသားခံယူကာ နေထိုင်နေတာပဲဖြစ်ပါတယ်။ မကြာသေးမီက အောင်လအန်ဆန်းဟာ နွေဦးတော်လှန်းရေး ရန်ပုံငွေ အတွက်လည်း အောင်ပွဲဝင်ပစ္စည်းများကို လေလံတင်ရောင်းချလျက်ရှိပါတယ်။

Aung La Nsang's Facebook

အောင်လအန်ဆန်းမှာဆိုရင် သားလေးနဲ့သမီးလေးနှစ်ယောက်ရှိပြီး ချစ်စရာသားနှင့်သမီးလေးကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မကြာခဏတင်ပေးလေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ အောင်လက သူ့ရဲ့ ညီအစ်ကို သူငယ်ချင်းကြီးလိုဖြစ်နေတဲ့ Tial “ The Dragon  Leg” Tang ရဲ့ သားလေးကို လက်ဝှေ့ထိုးသင်ပေးနေတာပဲဖြစ်ပါတယ်။ လက်ဝှေ့ထိုးနည်း လေ့ကျင့်သင်ကြားပေးနေတဲ့ ဗီဒီယိုလေးကို “Fighting is in our blood. It’s important for us to teach our kids to be strong and do the right things. I love working with kids and training Tial "The Dragon Leg" Thang’s son Ethan gives me a lot of joy.” ဆိုတဲ့စာသားလေးနဲ့ တင်ပေးထားတာဖြစ်ပါတယ်။

Aung La Nsang's Facebook

ကလေးလေးက တကယ့်ကို စိတ်ပါဝင်စားစွာနဲ့ လေ့ကျင့်နေတာနော်။ ဒီအတိုင်းသာဆိုရင် မျိုးဆက်သစ် ချန်ပီယံလေးနောက်တစ်ယောက် ပေါ်ထွန်းလာဦးမှာ အသေအချာပဲဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာလည်း ကလေးတွေကို လက်ဝှေ့ပညာလက်ဆင့်ကမ်းပေးရတာကို ပျော်တယ်လို့သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။