တောင်ကိုရီးယားမင်းသမီး Park So Dam ဟာ သိုင်းရွိုက်ကင်ဆာ ခွဲစိတ်မှု ပြီးတဲ့နောက်မှာ သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေ ဓာတ်ပုံလေးတွေ တင်ပေးလာခဲ့ပါတယ်။ Park So Dam တစ်ယောက် သူမကင်ဆာဝေဒနာ ခံစားနေရတာကို ပရိသက်တွေကို စိတ်မပူနေစေဖို့ အခုလို ပုံလေးတွေ အများအပြား တင်ပေးထားတာပါ။ 

Instagram 

ဒီတစ်ခေါက် တင်ပေးလိုက်တဲ့ ပုံလေးတွေက ရိုးရိုးရှင်းရှင်းလေးနဲ့ ကြောင်လေးနဲ့အတူ ရိုက်ထားတဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ ဖြစ်ပါတယ်။ 

Instagram 

Park So Dam တင်ထားတဲ့ ပုံလေးတွေအောက်မှာလည်း ပရိသတ်တွေက Park So Dam တစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာလာစေဖို့ အခုလိုဆုတောင်းပေးထားကြပါတယ်။

Instagram 
Instagram 

“ကျေးဇူးပြုပြီး ပိုပြီးကျန်းမာလာပေးပါ။” 

“မကြာခင် အမြန်ဆုံးကျန်းမာလာစေဖို့ ဆုတောင်းပေးပါတယ်”

 “ကျန်းကျန်းမာမာလေးတွေ့ရဖို့ မြင်ချင်နေပါပြီ” 

“သတိရနေတာ ကျေးဇူးပြုပြီး မကြာခင်နေပြန်ကောင်းလာပေးပါ” 

Instagram 
Instagram 

တောင်ကိုရီးယား မင်းသမီး Park So Dam ဟာ သိုင်းရွိုက်ကင်ဆာရောဂါကြောင့် ဆေးရုံတတ်ခွဲစိတ်မှု ခံယူနေရတဲ့သူဖြစ်ပါတယ် ။ လက်ရှိမှာ သူမရဲ့ ရောဂါအခြေအနေဟာလည်း တော်တော်လေး သက်သာလာပြီး ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ တော်ပါသေးတယ် .. အမြန်ဆုံး ကျန်းမာလာလို့ .. 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။