ဦးကျော်သက်လင်းဟာဆိုရင် ရရှိထားတဲ့ ရာထူးတွေကို စွန့်လွှတ်ပြီး MRTV ကနေ အစောဆုံး CDM လုပ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပါတယ်။ ဦးကျော်သက်လင်းဟာ လက်ရှိမှာ တောခိုကာ တော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ကြိုးစားနေတဲ့သူဖြစ်ပါတယ်။

U Kyaw Thet Linn

အနေဆင်းရဲ အစားဆင်းရဲတောတောင်ရေမြေတွေကြားမှာ ဦးကျော်သက်လင်းတစ်ယောက် ဖြစ်သလိုနေ ဖြစ်သလိုစားကာ တိုင်းပြည်အတွက်စွန့်လွှတ်အနစ်နာခံပေးနေတာ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဦးကျော်သက်လင်းဟာ ချမ်းအေးလှတဲ့ဆောင်းရာသီ မှာ စမ်းချောင်းဘေးနားမှာထိုင်ပြီး စမ်းချောင်းရေနဲ့ မျက်နှာသစ်ရတဲ့ ပုံလေးကို ဝေမျှပေးလာခဲ့ပါတယ်။ တောထဲတောင်ထဲက အအေးဓာတ်က ဘာနဲ့မှကို မတူပါဘူး။ ဆောင်းရာသီဆို ပိုပြီးဆိုးပါတယ်။

U Kyaw Thet Linn's Facebook

မျက်နှာသစ်ဖို့ခွက်မရှိ ချောင်းရေကို လက်ဖြင့်ခပ်ကာ ကြုံသလို နေထိုင်နေရတဲ့ ပုံစံလေးကို ဦးကျော်သက်လင်းမှ “အေးတဲ့ည ချမ်းတဲ့မနက်လွမ်းတဲ့ရက် ဖြတ်ကျော်လျက်” ဆိုတဲ့ စာသားလေးနဲ့တင်ပေးလာတာပဲဖြစ်ပါတယ်။

U Kyaw Thet Linn's Facebook
U Kyaw Thet Linn's Facebook

ဦးကျော်သက်လင်းတစ်ယောက် နေကောင်းကျန်းမာပြီး အရာအားလုံးကို အဆင်ပြေပြေ ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။