ဇန်နဝါရီလ ၁၆ ရက်နေ့မှာ Honey Lee ရဲ့ အေဂျင်စီဖြစ်တဲ့ Saram အင်တာတိန်းမန့်က Honey Lee ဟာ သူ့ရဲ့ပထမဦးဆုံး ရင်သွေးလေးကို ရရှိပိုင်ဆိုင်တော့မယ်ဖြစ်ကြောင့် ကြေညာခဲ့ပါတယ်။ အေဂျင်စီဘက်မှ “အဖိုးတန်တဲ့ဘဝသစ်လေးတစ်ခု သရုပ်ဆောင် Honey Lee ဆီကို ရောက်ရှိလာပါပြီ” ဆိုပြီး ဖော်ပြထားပါတယ်။

Google Photo

လက်ရှိမှာ Honey Lee က တည်တည်ငြိမ်ငြိမ်ဖြစ်အောင် အနားယူဖို့လိုနေကြောင်း တိကျတဲ့ အချက်အလတ်တွေကို ထပ်ပြီးဖြည့်စွတ်ပေးသွားမယ်ဆိုတဲ့အကြောင်းကို အေဂျင်စီဘက်မှ ထပ်ဆောင်းပြောထားပါတယ်။ မင်းသမီး Honey Lee ရဲ့ ပုဂ္ဂိုလ်ရေးကို နားလည်ပေးဖို့အတွက်လည်း ရိုသေစွာဖြင့် ထပ်မံတောင်းဆိုပေးထားပါတယ်။

Google Photo
Google Photo

မင်းသမီး Honey Lee ဟာ ပြီးခဲ့တဲ့ လကမှ နာမည်ကြီးမဟုတ်တဲ့ အပြင်လူတစ်ယောက်နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ မင်းသမီး Honey Lee တစ်ယောက် လက်ထပ်ခဲ့ချိန်မှာ ချစ်သူသက်တမ်း ၁ နှစ်တောင်မပြည့်သေးဘူးလို့ သိရပါတယ်။ ချစ်သူသက်တမ်း ၁ နှစ်တောင်မရှိသေးတဲ့သူနဲ့ အခုလို ရဲရဲဝင့်ဝင့် လက်ထပ်ခဲ့တာကြောင့်လည်း သူမကို တော်တော်များများက အံ့သြနေကြပါတယ်။ မင်းသမီး Honey Lee ဟာဆိုရင်လက်ရှိမှာ ကိုယ်ဝန် ၅ လရှိနေပြီပဲဖြစ်ပါတယ်။ သူမရဲ့ရင်သွေးလေးကိုတော့ မေလ သို့မဟုတ် ဇွန်လ အစောပိုင်းမှာ မွေးဖွားဖို့ရာထားတယ်လို့ သိရပါတယ်။ သူမဟာ လက်ရှိမှာ ကိုယ်ဝန်ဆောင်တွေလုပ်ရတဲ့လေ့ကျင့်ခန်းသင်တန်းတွေ တတ်နေတာနဲ့ အလုပ်ရှုပ်နေတယ်လို့လည်း ကြားသိရပါတယ်။

Google Photo

မင်းသမီး Honey Lee ဟာ  သူမချစ်သူနဲ့ မင်္ဂလာပွဲကို ဆိုးလ်မြို့မှာ အကျဉ်းချုံးကျင်းပခဲ့တာဖြစ်ပါတယ်။ မင်းသမီး Honey Lee နဲ့သူမရဲ့ မိသားစုလေးအတွက် ဂုဏ်ယူပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။