လူရွှင်တော်မိုးစက်ဟာဆိုရင် လူမှုကွန်ရက်စာမျက်နှာပေါ်က အလှူရှင်တွေရဲ့လှူဒါန်းမှုနဲ့ပေါင်းစပ်ပြီး သမာအာဇီဝ အလုပ်လုပ်ကိုင်စားသောက်နေတဲ့သူတွေ ၊ အမှန်တကယ်လိုအပ်နေသူတွေကို လိုက်လံလှူဒါန်းပေးနေတဲ့သူဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း လူရွှင်တော် မိုးစက်ဟာ ဗဟန်းမြို့နယ် ၊ ဗိုလ်ဗထူးလမ်းထိပ်မှာ အမြဲတမ်း ဈေးရောင်းနေကြဖြစ်တဲ့ အဘတို့ဇနီးမောင်နှံအတွက် ငွေသား ၁ သိန်းကျပ် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

Moe Sat's Facebook

အဘတို့ဇနီးမောင်နှံဟာ ပေါင်ချိန်စက်ချိန် ၊ နဖာကလော်တံ ၊ ပြက္ခဒိန် ၊ သွားကြားထိုးတံ ၊ ဘောပင်လေးတွေ ၊ တစ်ရှူးထုပ်လေးတွေ  စတဲ့ ပစ္စည်းအငယ်လေးတွေကို အခင်းလေးခင်းပြီး ရောင်းချနေခဲ့တာ အခုဆိုရင် ၇ နှစ်တိုင်တိုင် ကြာသွားပြီလို့ သိရပါတယ်။ ဝမ်းရေးအတွက် တတ်နိုင်သမျှခွန်အားလေးနဲ့ ရုန်းကန်လှုပ်ရှားနေတဲ့ အဘတို့ဇနီးမောင်နှံကို လူရွှင်တော်မိုးစက်မှ သွားရောက်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ လှူဒါန်းမှုလေးအကြောင်းကို မိုးစက်မှ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုလေး ရေးတင်ထားပါတယ်။

Moe Sat's Facebook

“တကယ်ပျော်တာလား ဘဘ “

“ပျော်တာပေါ့ …အရမ်းပျော်တာ….”

ဘဘတို့ဇနီးမောင်နှံဈေးရောင်းနေတဲ့

ဗဟန်းမြို့နယ် ၊အနောက်မျဉ်းပြိုင်ကွင်းလမ်း

ဗိုလ်ဗထူးလမ်းထိပ် ကို

အစ်မတစ်ယောက်ရဲ့လမ်းညွှန်ပေးမှူကြောင့်

ဒီနေ့ရောက်ဖြစ်ခဲ့ပါတယ် ။

“ဘဘ တို့ ဒါလေးတွေရောင်းတာ

ဘယ်လောက်ကြာပြီလဲဗျ “

“၇ နှစ်လောက် ရှိပါပြီ “

“အခုရော အရောင်းအဝယ်ကောင်းရဲ့လားဗျ “

“ပုံမှန်တော့မရှိပါဘူး သားရယ်…”

“ဪ ….ပေါင်ချိန်လို့လဲ ရတာဘဲ …

ပေါင်တစ်ခါချိန် ဘယ်လောက်လဲ အဘ…”

“၂၀၀ ပါ သား …”

“ဟုတ်ပြီဗျာ …ပေါင်ချိန်မယ်…

ဒီပြက္ခဒိန်ကရော….”

“၇၀၀ ပါ သား…”

“ဒါဆို ပေါင်ချိန်တာရယ်

ပြက္ခဒိန် ၊သွားကြားထိုးတံ တစ်ထုပ်ယူမယ်…

ရော့ ဒါက ဘဘတို့ ဇနီးမောင်နှံကို

ဂုဏ်ပြုတာ တစ်သိန်းကျပ် …”

“ဟာ…ပျော်လိုက်တာ….”

“တကယ်ပျော်တာလား ဘဘ…”

“ပျော်တာပေါ့…ဟီးဟီး…

အရမ်းပျော်တာ…”

“ဒါသားတစ်ယောက်ထဲ လှူတာမဟုတ်ပါဘူး

သားဆီကို ပါဝင်လှူဒါန်းကြသူကြောင့်

ဘဘ တို့ကို လှူနိုင်တာပါ …

အလှူရှင်တွေကို ဆုတောင်းပေးလိုက်ပါဦး…”

“ကျန်းမာ ချမ်းသာ ကြပါစေကွယ်…”

(ဘဘ ကပျော်ပြီးရယ်နေတာ မရပ်တော့ဘူး)?

Moe Sat's Facebook

တကယ်ကိုပီတိဖြစ်ရတဲ့

ပကာသနမပါတဲ့ ဒါနအလှူလေးပါ

လိပ်စာလေးလဲ တင်ပေးထားတယ်ဆိုတော့

အားပေးကြပါဦးနော် ။

ကျွန်တော်နဲ့အတူ ပါဝင်လှူဒါန်းပေးကြတဲ့

အလှူရှင်များ အားလုံး

ကျန်းမာချမ်းသာ လန်းဖြာကြပါစေ။???”

Moe Sat's Facebook

အလှူလေးကတော့ တကယ့်ကို ပီတီဖြစ်စရာလေးပါနော် ။ လိုအပ်နေသူတွေလက်ထဲကို ရောက်အောင် လှူဒါန်းပေးနိုင်ခဲ့တဲ့ လူရွှင်တော်မိုးစက်လည်း ဒီထက်မက ကူညီလှူဒါန်းနိုင်ပါစေ။

သတင်းအရင်းမြစ်: ၇ နှစ်တိုင်အောင် ဈေးရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အဘတို့ဇနီးမောင်နှံကို သွားရောက်လှူဒါန်းပေးခဲ့တဲ့ လူရွှင်တော်မိုးစက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။