ချိုဝမ်လို့ လူသိများတဲ့ တောင်ကိုရီးယား မင်းသမီး Lee Da Hae က သူမရဲ့ချစ်သူကောင်လေးနဲ့ စတင်တွေ့ဆုံဖြစ်ခဲ့ပုံလေးကို MBC ရဲ့ 'Point of Omniscient Intereference' အစီအစဉ် မှာ ဧည့်သည်အဖြစ်ပါဝင်ရင်း ပြောသွားတာဖြစ်ပါတယ်။ အစီအစဉ်စစချင်းမှာ Lee Da Hae တစ်ယောက် စိတ်လှုပ်ရှားနေပုံပေါ်ပေမယ့် တင်းကြပ်မှုတွေကို ပရော်ဖက်ရှင်နယ် ဆန်ဆန် မသိသာအောင်လုပ်နိုင်ခဲ့ပါတယ်။ Lee Da Hae ဟာ အင်တာဗျူး အစီအစီအစဉ်တစ်ခုလုံးမှာ တရုတ် နှင့် အင်္ဂလိပ်ဘာသာစကားတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်ပြောနိုင်ခဲ့ပါတယ်။

MBC

Lee Da Hae ဟာ အစီအစဉ်မှာ ချစ်သူသက်တမ်း ၈ နှစ်ကြာပြီဖြစ်တဲ့ သူမရဲ့ကောင်လေး အဆိုတော် Se7en နှင့် စတင်တွေ့ဖြစ်ပုံလေးကိုပြောပါတယ်။ ချစ်သူကောင်လေးနဲ့ အခုလို ဆုံတွေ့ဖြစ်ခဲ့ရတဲ့အကြောင်းက သူမရဲ့ အခင်ဆုံးသူငယ်ချင်းက မိက်ဆက်ပေးခဲ့တာကြောင့် ဖြစ်တယ်လို့ သူမက ပြောပါတယ်။

Google Photo
Google Photo

Lee Da Hae နှင့် သူမရဲ့ကောင်လေး Se7en တို့စုံတွဲလေးဟာ အရမ်းကို တည်ငြိမ်ပြီး တစ်ဦးကိုတစ်ဦးလည်း နားလည်မှုအပြည့်နဲ့ အရမ်းချစ်ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးစတင်တွေ့ဆုံဖြစ်ခဲ့ပုံလေးကိုလည်း ပရိသတ်တွေက ထူးထူူးခြားခြားလေး ဖြစ်မယ် လို့ထင်ထားကြတာပါ။ ဒါပေမယ့်လည်း နှစ်ဦးသား စတင်တွေ့ဆုံဖြစ်ခဲ့ပုံလေးက ထင်ထားတာထက်ကို ရိုးရှင်းနေပါတယ်။ ချစ်စရာကောင်းတဲ့ မနဲ့မောင် စုံတွဲလေး ရဲ့ မင်္ဂလာ သတင်းလေးကိုလည်း မျှော်လင့်နေပါပြီနော် ..။

Google Photo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။