ထိုင်းနိုင်ငံမှ အမျိုးသားတစ်ယောက်ဟာ မိန်းမ ၈ ယောက်ယူထားပြီး အားလုံးနှင့်အတူ တစ်အိမ်တည်းမှာနေနေတဲ့သတင်းဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။ အဆိုပါ အမျိုးသားရဲ့ နာမည်ဟာ Nattapong လို့ သိရပြီး သူယူထားတဲ့ မိန်းမ ၈ ယောက်စလုံးဟာလည်း အချင်းချင်း ချစ်ချစ် ခင်ခင် ရှိကြတယ်လို့ သိရပါတယ်။ 

Photo - Crd 

Nattapong နှင့် သူ့အမျိုးသမီး ၈ ယောက်ရဲ့ မိသားစုနာမည်လေးကို Aongdam Family  လို့ပေးထားတယ်လို့ သိရပြီး အခုအချိန်ထိ ပျော်ပျော်ရွှင်ရွှင်ချစ်ချစ်ခင်ခင်နေကြဆဲလို့ သိရပါတယ်။ 

Photo - Crd 

မိန်းမ ၈ ယောက်တောင် ယူထားပေမယ့် ထိုင်းလူမျိုးတွေကတော့ Nattapong ကို အပြစ်တင်တာမျိုး မရှိဘဲ ဇနီးသည် ၈ ယောက်စလုံးနဲ့ တစ်အိမ်တည်း ချစ်ချစ်ခင်ခင် အတူတူနေနိုင်တာကြောင့် ဝိုင်းပြီး ချီးကျူးနေကြပါတယ် ။

Photo - Crd 

Nattapong ဟာ ဘိုးတော်ဆေးဆရာလည်း ဖြစ်တာကြောင့် သူ့ဆီမှာ ဆေးကောင်းဝါးကောင်းတွေရှိလို့ အခုလိုမျိုးနေနိုင်တာဖြစ်နိုင်တယ်လို့လည်း ထိုင်း လူမျိုးတွေက ယူဆထားကြပါတယ်။ 

Photo - Crd 

လက်ရှိမှာ Nattapong ရဲ့ ဇနီးသည် ၈ ယောက်ထဲက ၂ ယောက်မှာ ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး ၂ ယောက်စလုံးအတူတူ ဆေးခန်း သွားပြကြတယ်လို့သိရပါတယ်။ 

Photo - Crd 

သာမန်လူတွေ မိန်းမ တစ်ယောက်နဲ့တောင် ပြဿနာတတ်နေတဲ့ အချိန်မှာ ရုပ်ရှင်ချောမောတဲ့ မိန်းမ ၈ ယောက်ကို အေးအေးဆေးဆေး ယူပြီး အတူတူနေနိုင်တဲ့ Nattapong ရဲ့ စန်းပွင့် ချက်ကတော့ တကယ့်ကို အံ့ဩလောက်စရာပဲဖြစ်ပါတယ်။ လူတော်တော်များများကလည်း Nattapong ကို အားကျနေကြပါတယ်။ 

Source - Chan Nyein Soe - Idea in Bangkok

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။