ကမ္ဘာကျော်ဘောလုံးသမား David Beckham နှင့် ဇနီးဖြစ်သူ Victoria Beckham တို့ဟာ ၁၉၉၉ ခုနှစ်ကတည်းက လက်ထပ်ထားခဲ့ကြတဲ့ သူတွေဖြစ်ပါတယ်။ လက်ထပ်ထားတဲ့ နှစ်ပေါင်း သက်တမ်း ၂၃ နှစ်တိတိရှိနေပြီဖြစ်ပေမယ့်လည်း အခုအချိန်ထိ ချစ်စရာသားသမီးလေးတွေနဲ့ တွဲလတ်တွေခိုင်မြဲနေကြတုန်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဟောလိဝုဒ်ရဲ့ နာမည်ကြီးတွေထဲမှာဆိုရင် David Beckham တို့စုံတွဲက စံပြအဖြစ်နဲ့ တည်ရှိနေတာပါ။

Google

David Beckham နှင့် Victoria Beckham တို့မှာ အရမ်းကို ချစ်ဖို့ကောင်းတဲ့ သားသမီး လေး ယောက်ရှိပါတယ်။ သူတို့လေးတွေက အသက် ၂၂ နှစ်အရွယ် Brooklyn Beckham ၊ အသက် ၁၉ နှစ်အရွယ် Romeo James Beckham ၊ အသက် ၁၆ နှစ်အရွယ် Cruz Beckham နှင့် အငယ်ဆုံးလေး အသက် ၁၀ နှစ်အရွယ် Harper Seven Beckham တို့ဖြစ်ကြပါတယ်။ Brooklyn ၊ Romeo James နှင့် Cruz တို့သုံးယောက်စလုံးက ယောကျာ်းလေးဖြစ်ပြီး Harper Seven လေးကတော့ အငယ်ဆုံးသမီးထွေးလေးဖြစ်ပါတယ်။

David Beckham's 3 sons and 1 daughter
David Beckham family

ဖခင်တွေရဲ့ထုံးစံအတိုင်း သမီးအထွေးလေးတွေက ပိုပြီး အချစ်ခံရသလိုပဲ David Beckham တစ်ယောက်လည်း သူ့သမီးလေးနဲ့ ဘယ်သွားသွား အမြဲတတွဲတွဲဖြစ်ပါတယ်။ သမီးလေးကို အမြဲအရိပ်တကြည့်ကြည့်နဲ့ ချစ်လို့မဝဖြစ်နေတဲ့ David Beckham တစ်ယောက် အခုတစ်ခေါက်မှာလည်း သမီးဖြစ်သူလေးနဲ့ မနက်ခင် လမ်းလျှောက်ထွက်တဲ့ ပုံလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “Daddy & Princess Leia had a lovely walk this morning ? #HarperSeven ❤️” ဆိုတဲ့ စာသားလေးနဲ့ တင်ပေးလိုက်ပြန်ပါပြီ။

David Beckham's Facebook
David Beckham's Facebook

ချစ်စရာ သားအဖ နှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေ တင်ပြီးပြီးချင်း မိနစ်ပိုင်းအကြာမှာပဲ အရမ်းကို ရေပန်းစားလျက်ရှိပါတယ်။ ဖခင်နဲ့ရုပ်ချင်းပိုပိုပြီးတူလာတဲ့ သမီးလေး HarperSeven ကိုလည်း အရမ်းချစ်ကြတဲ့ မှတ်ချက်လေးတွေ အများကြီးပေးထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။