အခုနောက်ပိုင်းနာမည်ကြီး လူကြိုက်များလာတဲ့ တောင်ကိုရီးယားမင်းသမီးတစ်ယာက်ရဲ့ ငယ်ဘဝပုံရိပ်လေးတွေဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ လူစိတ်ဝင်စားမှု မြင့်တတ်လျက်ရှိပါတယ်။ သူမကတော့ အခြားသူမဟုတ်ပါဘူး။ Squid Game ထဲက မင်းသမီး Jung Ho-yeon ပဲဖြစ်ပါတယ်။

Jung Ho-yeon’s Instagram and broadcasts   
Jung Ho-yeon’s Instagram and broadcasts   

Jung Ho-yeon ရဲ့ ငယ်ဘဝဓာတ်ပုံလေးတွေ စပြီး ပျံ့နှံ့လာကတည်းက ငယ်ရုပ်လေးအတိုင်း မပြောင်းလဲဘဲ ရှိနေကြလို့ လူစိတ်ဝင်စားမှု ပိုပြီး များနေတာဖြစ်ပါတယ်။ ဒီဓာတ်ပုံလေးတွေက Jung Ho-yeon ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ တင်ထားတဲ့ ပုံလေးတွေဖြစ်ပါတယ်။

Jung Ho-yeon’s Instagram and broadcasts   
Jung Ho-yeon’s Instagram and broadcasts   

ဓာတ်ပုံလေးတွေအရ ကလေးဘဝမှာကတည်းက Jung Ho-yeon က ပြိုင်စံရှား ခပ်လန်းလန်း မျက်နှာအမူအယာတွေကို လုပ်ပြနေနိုင်တာပါ။ ကလေးဘဝတုန်းက မျက်နှာနေမျက်နှာထားနဲ့ လူကြီးဘဝ မျက်နှာနေမျက်နှာထားက တစ်ပုံစံတည်းသွားတူနေတာကြောင့်လည်း သူမကို ပိုပြီး အံ့သြနေကြပါတယ်။

Jung Ho-yeon’s Instagram and broadcasts   
Jung Ho-yeon’s Instagram and broadcasts   

Jung Ho-yeon ရဲ့ သရုပ်ဆောင်အဖြစ် ပထမဦးဆုံး ပွဲဦးထွက်ကို Squid Game နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး စစချင်းမှာတင် ကမ္ဘာကျော်တဲ့အထိကို နာမည်ကြီးခဲ့ပါတယ်။ Jung Ho-yeon ဟာ သရုပ်ဆောင်လောကထဲကို မဝင်လာခင်က မော်ဒယ်လောကမှာလည်း အောင်မြင်မှုတွေရရှိခဲ့တဲ့ ကောင်မလေး ဖြစ်ပါတယ်။

Jung Ho-yeon’s Instagram and broadcasts   

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။