အခုဖော်ပြပေးသွားမှာကတော့ အရမ်းအများကြီးမဟုတ်တဲ့ငွေကြေးမမာဏလေးနဲ့ မုန့်ဖိုးရအောင်ပဲမျှော်လင့်ပြီး စလုပ်ခဲ့ကြတဲ့ စီးပွားရေးလေးကနေ အတည်တကျဆိုင်လေးဖွင့်နိုင်အောင် ကြိုးစားခဲ့ကြတဲ့ လူငယ်လေးတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီလူငယ်လေးတွေအကြောင်းက လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း နာမည်ကြီးနေပါတယ်။
လူငယ်လေးတွေက လွန်ခဲ့တဲ့ ၇ လက တစ်ယောက်ကို မုန့်ဖိုး ၁ သောင်းစီစုပြီး ဘာမှမမျှော်မှန်းထားပဲ မုန့်ဖိုးရရှိဖို့ပဲ အရင် စလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားကမြန်မာပြည်ကို တင်တွင်းလာတဲ့ Thrift ထည်လေးတွေကို အထုပ်ဖောက်ကြည့်ဖို့ အများကြီး မစွန့်စားရဲတာကြောင့် သူငယ်ချင်းတွေစုပြီး ဆိုင်တွေကနေ ခေါင်ထည်လေးတွေ လိုက်ရွေးခဲ့ကြတယ်လို့ သိရပါတယ်။ ရလာတဲ့အထည်လေးတွေကို သေချာလေး နေပူပြန်လှန်း မီးပူတိုက်ပြီး လိုင်းပေါ်မှာတင်ရောင်းရင်းနဲ့နောက်ဆုံး ဆိုင်လေး အတည်တကျဖွင့်နိုင်တဲ့အထိ ဖြစ်ခဲ့ကြပါတယ်။
ဆိုင်လေးကိုလည်း ကိုယ်တိုင်ပြင်ဆင်ပြီး သေသေချာချာ သပ်သပ်ရပ်ရပ်လေး လုပ်ထားကြတာကို အားလုံးပဲတွေ့ကြမှာပါနော်။
ကြိုးစားချင်စိတ်ရှိပြီး ဇွဲရှိရှိလုပ်တတ်တဲ့ ကလေးတွေရဲ့ ဆိုင်လေး ဒီထက်မကအောင်မြင်ပြီး တိုးတတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source - ICY World
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။