အားလုံးပဲလူငယ်အဆိုတော်Benjamin Sum ကိုသိကြမှာပါနော်။လူငယ်အဆိုတော်Benjamin Sum ဟာ ဖေဖော်ဝါရီလအစကတည်းက ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ရင်းနဲ့စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့သူဖြစ်ပါတယ်။လက်ရှိမှာလည်း အဆိုတော်Benjamin Sum ကတော်လှန်ရေးအတွက်သူတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပေးနေတုန်းပဲ ဖြစ်ပါတယ်။

Photo - Credit to Original Uploader

မကြာသေးမီအချိန်ကလည်းBenjamin Sum ဟာ မဏီပူရ်ပြည်နယ်လမ်ကာ(Lamka) မြို့မှာ ဖျော်ဖြေရေးတစ်ခုပြုလုပ်ခဲ့ပါတယ်။Benjamin Sum ပါဝင်ဖျော်ဖြေပေးတဲ့ရှိုးပွဲနာမည်က"MZI Charitu Concert in Manipur" ပရဟိတဖျော်ဖြေပွဲဖြစ်ပါတယ်။ 

Photo - Credit to Original Uploader
Photo - Credit to Original Uploader
Photo - Credit to Original Uploader
Photo - Credit to Original Uploader
Photo - Credit to Original Uploader

မြန်မာနိုင်ငံမှာပရိသတ်တွေအားပေးမှုရသလိုပဲမဏီပူရ်ကပရိသတ်တွေလည်းBenjamin Sum ကိုတစ်ခဲနက်အားပေးကြပါတယ်။

Photo - Credit to Original Uploader
Photo - Credit to Original Uploader

လူချစ်လူခင်ပေါများပြီးစိတ်ဓာတ်လေးကောင်းတဲ့အဆိုတော်Benjamin Sum တစ်ယောက်အခုလိုပရိသတ်လေးတွေတိုးပြီးရလာတဲ့အတွက်လည်းဝမ်းသာမိပါတယ်။ကောင်လေးဒီထက်မကအောင်မြင်ပါစေ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။