Shawn Mendes ရဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ချစ်သူကောင်မလေး Camelia ဟာဆိုရင် ဟောလိဝုဒ်မင်းသားကြီး Leonardo နဲ့ တွဲနေပြီပဲဖြစ်ပါတယ်။ Leo နဲ့ သူ့ရဲ့ ကောင်မလေး Camelia ဟာဆိုရင် အသက်အရွယ်အားဖြင့် ၂၃ နှစ်တိတိကွာပေမယ့် အသက်အရွယ်တွေကို စိတ်ထဲမထားဘဲ တွဲနေကြတာပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း Caribbean break အားလပ်ရက်မှာ  သူတို့နှစ်ဦး ကမ်းခြေမှာ ပျော်ရွှင်စွာရေကစားနေကြတဲ့ဓာတ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာပျံ့နှံ့လာပါတယ်။ ကမ်းခြေမှာ Leonardo Dicaprio က သူ့ချစ်သူကောင်မလေး Camila Morrone ကို မျက်စိမခွာနိုင်ဘဲကို ဖြစ်နေတာပါ။

Credit: Spread Pictures/MEGA
Credit: Spread Pictures/MEGA

Leo က ၄၇ နှစ်ရှိပြီဖြစ်ပြီး သူ့ကောင်မလေး Camelia ကတော့ အသက် ၂၄ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ ဓာတ်ပုံတွေထဲမှာ Leo ကြီးက သူ့ကောင်မလေးကို ကြည့်နေတဲ့အကြည့်တွေက အရမ်းကို အသက်ဝင် နေတာကြောင့် လူပြောများလျှက်ရှိနေပါတယ်။ အဝတ်အစားတွေအနေနဲ့ Camelia က အသားကပ်အနက်ရောင် ဘီကီနီကိုဝတ်ထားပါတယ်။ Leo ကတော့ မိုးပြာရောင်ဘောင်းဘီနဲ့အပေါ်ကတော့ ဘာမှမဝတ်ထားပါဘူး။ ပျော်ရွှင်စွာရေကစားနေကြတဲ့ သူတို့နှစ်ဦးတွေက တစ်ယောက်ကို တစ်ယောက်လေးနက်မှုရှိနေတာကြောင့် ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနေခဲ့ပါတယ်။

Credit: Spread Pictures/MEGA
Credit: Spread Pictures/MEGA

Leonardo နဲ့ Camila တို့ဟာ ကမ္ဘာ့အချမ်းသာဆုံးဘီလီယံနာတွေရဲ့ ကျွန်းဖြစ်တဲ့ St Barts မှာ နှစ်သစ်ကူးအားလပ်ရက် အနားယူအပန်းဖြေခဲ့ကြတာဖြစ်ပါတယ်။ Camila ကတော့ သူမရဲ့ အင်စတာဂရမ်အကောင့်မှာ သူမတစ်ယောက်တည်း ကမ်းခြေမှာ အပန်းဖြေနေတဲ့ ဓာတ်ပုံတွေကိုပဲတင်ထားပါတယ်။ ပေါက်ကြားလာတဲ့ ဓာတ်ပုံတွေ ထဲမှာမှ Leo နဲ့အတူတူဆိုတာကို သိခဲ့ရတာပဲဖြစ်ပါတယ်။

Credit: Spread Pictures/MEGA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။