ရွှေရောင်တဝင်းဝင်းနဲ့သပ္ပါယ်လွန်းလှတဲ့ မန္တလေးမဟာမြတ်မုနိဘုရားကြီးကို ဓာတ်ပုံထဲကသော်လည်းကောင်း ၊ ကိုယ်တိုင်ကိုယ်ကြသော်လည်းကောင်း တော်တော်များများ ဖူးမျှော်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ မန္တလေးမဟာမြတ်မုနိရုပ်ရှင်တော်ကြီး တည်တံ့ခိုင်ခံ့ရေးအတွက် ပြန်လည်ပြုပြင် တည်ဆောက်ရန် ပလ္လင်ခံဝန်ကို စမ်းသပ်ခဲ့ကြတယ်လို့ သိရပါတယ်။

Credit to Original Uploader
Credit to Original Uploader

ဘုရားကိုယ်လုံးတော်အလေးချိန်နှင့် ကပ်လှူထားသော ရွှေသင်္ကန်းထုထည်ပမာဏ အလေးချိန်ကို တွက်ချက် scanning ပြုလုပ်ရာမှာ မူလဘူတ ထုထည်ကိုယ်တည်ကို တွေ့မြင်ဖူးမျှော် ရတာဖြစ်ပါတယ်။ အခုအားလုံးမြင်တွေ့နေရတဲ့ ဘုရားကြီးရဲ့ကိုယ်ထည်က  မူလဘူတဘုရားကိုယ်ထည်ကို ငုံပြီး ပြန်လည်မွန်းမံတည်ဆောက်ထားတာကြောင့် အခုလိုမျိုး scan ဖတ်လိုက်တဲ့အချိန်မှာ အတွင်းပိုင်းက မူလ ဘူတကိုယ်ထည်တော်ကို ပြန်လည်ဖူးမျှော်နိုင်ရတာဖြစ်ပါတယ်။ San ဖတ်ရာမှာ ပေါ်လာတဲ့ မူလဘူတမဟာမြတ်မုနိကိုယ်တော်ကြီးရဲ့ ပုံရိပ်ကို အားလုံးပဲ ဗဟုသုတအဖြစ် ဖူးမြှော်လို့ရအောင် အောက်မှာ ထည့်သွင်းဖော်ပြပေးထားပါတယ်။

Credit to Original Uploader
Credit to Original Uploader
Credit to Original Uploader

ဓာတ်ပုံတွေထဲမှာဆိုရင် မန္တလေး မဟာမြတ်မုနိဘုရားကြီးရဲ့ အရင်မူလဘူတ ကိုယ်ထည်ကို ဖူးမျှော်တွေ့ရှိနေရတာဖြစ်ပါတယ်။ Scan ဖတ်ရင်း ထွက်ရှိလာတဲ့ မန္တလေး မဟာမြတ်မုနိ ဘုရားကြီးရဲ့ ကိုယ်ထည်အလေးချိန်က ၁၅ တန်ရှိပါတယ်။ ၁၅ တန်အလေးချိန်က ဘုရားကိုယ်လုံးတော်၏ အလေးချိန်နဲ့ ရွှေသင်္ကန်းထုထည်ပမာဏ အလေးချိန်ကို အတူတကွပေါင်းပြီး တွက်ချက်ထားတာလို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။