တောင်ကိုရီးယားမင်းသမီး Park Ha Sun ဟာ သူမရဲ့ခင်ပွန်းဖြစ်သူနဲ့လက်ထပ်ဖြစ်ခဲ့တဲ့အကြောင်းလေးကို ဝေမျှပေးလာခဲ့ပါတယ်။ ဒီအကြောင်းလေးကို ဇန်နဝါရီလ ၁၁ ရက်နေ့တုန့်ကထုတ်လွှင့်ခဲ့တဲ့ KBZ 2TV ရဲ့ “Problem Child in House” အစီအစဉ်လေးမှာ Park Ha Sun တစ်ယောက် ဧည့်သည်အနေနဲ့ပါဝင်ပြီး ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။

Soompi

အစီအစဉ်လေးရဲ့ အမေးအဖြေကဏ္ဍလေးမှာ Park Ha Sun က လင်မယားစုံတွဲတွေရဲ့ အိပ်ယာကုတင်အကြောင်းကို ပြောလာခဲ့ပါတယ်။ လင်မယားစုံတွဲတွေကပုံစံမတူတဲ့ အိပ်ရာ ကုတင်တွေမှာ အိပ်လေ့ရှိတဲ့အကြောင်းပြောပြီး သူမတို့လင်မယားကတော့ အရမ်းကို ကြီးမားကျယ်ပြန်တဲ့ အိပ်ရာကုတင်ကြီးနဲ့အိပ်တယ်လို့ဆိုပါတယ်။ သူတို့လင်မယားဟာ အိပ်ရာကုတင်တွေထဲမှာ အရွယ်အစား အကြီးဆုံးဖြစ်တဲ့ “Eastern King” အိပ်ရာကြီးနဲ့အိပ်ပြီး အိပ်ရာကကျယ်တာကြောင့် သက်တောင့်သက်သာရှိတယ်လို့ဆိုပါတယ်။ တစ်ခါတစ်ရံ တစ်ယောက်ကိုစောင်တစ်ထည်စီ အသုံးပြုရတဲ့အချိန်တွေရှိတယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ပုံစံခြင်း မတူပေမယ့် ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း Park Ha Sun က အခုလိုလေးပြောထားပါတယ်။

Google Photos
Park Ha Sun
Google Photos

Park Ha Sun နှင့် Ryu Soo Young တို့ဟာ ၂၀၁၃ ခုနှစ် ဒရမ်မာဖြစ်တဲ့ “Two Weeks” ဇာတ်လမ်းမှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ စတင်တွဲခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး သမီးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။

သတင်းအရင်းမြစ်: Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။