တောင်ကိုရီးယား နာမည်ကြီးမင်းသမီး Park Shin Hye နှင့် Choi Tae Joon တို့ဟာ လာမယ့် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ဆိုးလ် မြို့မှာရှိတဲ့ဘုရားကျောင်းတစ်ခုမှာ အကျဉ်းချုံးပဲ လက်ထပ်ကြတော့မယ်လို့သိရပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲအတွက် ဖိတ်စာလေးကိုလည်းအနုပညာရှင်နှစ်ဦးက သူတို့ရဲ့ အင်စတာဂရမ် Story လေးပေါ်ကနေတစ်ဆင့် ဝေမျှပေးထားပါတယ်။ 

Google

နာမည်ကြီးလူသိများတဲ့ စုံတွဲလေးဖြစ်ပေမယ့် အနုပညာရှင်နှစ်ယောက်စလုံးက ဖိတ်စာလေးကိုကအစ ရိုးရှင်းစွာနဲ့ပဲ ဖန်တီးထားတာပါ။ ဖိတ်စာ ပုံစံလေးကရိုးရှင်းပေမယ့် အရမ်းကို ကျက်သရေရှိပြီးအရောင်လေးကလည်း အဓိက အရောင်ကို ရွှေရောင်နဲ့ အဖြူရောင်လေး သုံးထားတာပါ။ စာသားလေးကိုတော့ ထင်တာမြင်သာရှိတဲ့အနက်ရောင်လေး သုံးထားပါတယ်။ ရွှေရောင်၊ အဖြူလေးနဲ့ အနက်ရောင်လေးကို လိုက်ဖက်ညီညီ အသုံးပြုထားတာကြောင့် အရမ်းကိုကြည့်ရတာရှင်းပြီး သပ်သပ်ရပ်ရပ်လေးဖြစ်နေပါတယ်။ 

Google

နာမည်ကြီး မင်းသားမင်းသမီးရဲ့ မင်္ဂလာသတင်းကို ဇန်နဝါရီလ ၃ရက်နေ့က YTN Star ကနေ ထုတ်ဖော်ကြေညာခဲ့တာဖြစ်ပါတယ်။ မင်္ဂလာပွဲကို ဇန်နဝါရီလ ၂၂ရက်နေ့ ဆိုးလ်မြို့၊ Gangdong ခရိုင်မှာရှိတဲ့ ဘုရားကျောင်းတစ်ခုမှာနေ့လည် ၁၁ နာရီ ခွဲအချိန်မှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ ဖိတ်ကြားထားတဲ့ သူတွေကိုလည်းနှစ်ဦးနှစ်ဖက်မိဘ ဆွေမျိုးတွေကိုအဓိကထား ဖိတ်မယ်လို့ သိရပြီး Lee Min ho ၊ Lee Jong Suk ၊ Lee Hongki ၊Kim Bum  နှင့် SNSD အဖွဲ့ဝင် Sooyoung တို့တွေလည်း လာကောင်းလာနိုင်တယ်လို့ ခန့်မှန်ရထားကြပါတယ်။ပရိသတ်တွေကတော့ Park Shin Hye တို့ရဲ့ ရိုးရှင်းတဲ့ မင်္ဂလာပွဲလေးအတွက် အရမ်းကို စိတ်လှုပ်းရှားနေကြပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။