တောင်ကိုရီးယားတော်ဝင်နန်းတွင်းဇာတ်လမ်းတွေအများစုဟာ လှပစွာပုံဖော်ထားတဲ့ဇာတ်လမ်းတွေဖြစ်ပြီး ပါဝင်ထားတဲ့သရုပ်ဆောင် ဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်ချက်က ဇာတ်လမ်းနဲ့တစ်သားထဲဖြစ်ရင် ပိုပြီး ကြည့်လို့ကောင်းပါတယ်။ တောင်ကိုရီးယားမင်းသမီး Lee Se-young ပါဝင်ရိုက်ကူးခဲ့တဲ့ The Red Sleeve နန်းတွင်း ဇာတ်လည်းထဲမှာလည်း Lee Se-young တစ်ယောက် ကြည်ရှုသူတွေဆီကနေ ကောင်းမွန်တဲ့ အကြံပြုချက်တွေ အများကြီး ရရှိခဲ့ပါတယ်။ ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ မင်းသမီးလေး Lee Se-young ဟာ ကလေးသရုပ်ဆောင်ဘဝမှာကတည်းက နာမည်ကြီးခဲ့တဲ့ သူဖြစ်ပါတယ်။

Google

Lee Se-young လေးက သူမဘဝသက်တမ်းတစ်လျောက် အနုပညာလောကမှာ အောင်မြင်မှုတွေရထားတဲ့သူပါ။ Lee Se-young မွေးပြီးပြီးချင်မှာ သူမရဲ့အမေက သူ့ရဲ့သမီးလေးကို မင်းသမီးတစ်ယောက်ဖြစ်ဖို့ မျှော်လင့်ခဲ့တယ်လို့ သိရပါတယ်။ ပါရမီပါတယ်လို့ ဆိုရမှာပါ။ Lee Se-young တစ်ယောက် တီဗီပေါ်မှာ စပြီးပါလာကတည်းက လူအများစုက သူ့ရုပ်ကလေးကို သဘောကျခဲ့ကြပါတယ်။

Google

မိဘတွေရဲ့ ပြင်းပြတဲ့ ဆန္ဒကြောင့် Lee Se-young ဟာ ကလေးသရုပ်ဆောင်အဖြစ်နဲ့ SBS ရုပ်သံလိုင်းက ဒရမ်မာတစ်ခုဖြစ်တဲ့ “The River of Brothers” မှာ စပြီးပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအချိန်က သူမရဲ့အသက်က ၅ နှစ်ပဲရှိပါသေးတယ်။ ပထမဦးဆုံး နန်းတွင်းဇာတ်လမ်းမှာ ပါဝင်ခဲ့တဲ့အချိန်က ၂၀၀၂ ခုနှစ်ကဖြစ်ပါတယ်။ “My Love Patzzi” ဆိုတဲ့ဇာတ်လမ်းမှာ ကလေးသရုပ်ဆောင်လေးအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာလည်း အရမ်းကိုအောင်မြင်ခဲ့တဲ့ “Dae Jang-geum.” ဇာတ်လမ်းမှာ ကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပါသေးတယ်။

Google

“When I Turned Nine,” ဆိုတဲ့ဇာတ်လမ်းထဲမှာလည်း Lee Se-young တစ်ယောက်လူငယ်အဓိကသရုပ်ဆောင်လေးအဖြစ်ပါဝင်ခဲ့ပါသေးတယ်။ ၂၀၀၅ ခုနှစ်မှာ ဒရမ်မာ ၂ ခုရိုက်ပြီးတဲ့နောက်မှာ ပညာသင်ကြားဖို့အတွက် ၂ နှစ်တိတိ အနုပညာအလုပ်တွေကနေ အနားယူခဲ့ပါတယ်။၂၀၀၇ ခုနှစ်မှာ “The Wonder Years” ဆိုတဲ့ဇာတ်လမ်းမှာ အဓိကသရုပ်ဆောင်အဖြစ် ပြန်လည်ပါဝင်ခဲ့ပါတယ်။ အနားယူပြီးပြန်လည်ရိုက်ကူးတဲ့အချိန်မှာလည်း အနုပညာစွမ်းရည်တွေကျမသွားဘဲ ကောင်းကောင်းမွန်မွန် သရုပ်ဆောင်ပေးနိုင်ခဲ့ပြန်ပါတယ်။

Google

The Wonder Years ဇာတ်လမ်းမှာတော့သူမအရင်ကသရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်ချက်တွေထဲကလို မာနကြီးတဲ့ကောင်မလေးအနေနဲ့မဟုတ်ဘဲ အနေအေးပြီး နာကျင်မှုတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ချက်လေးကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေဆီကနေ ကောင်းမွန်တဲ့ မှတ်ချက်တွေ အများကြီး ရရှိလာခဲ့ပါတယ်။

Google
Google

Lee Se-young ကိုယ်တိုင်လည်း အဲဒီဇာတ်လမ်းက သူမအတွက် ကြီးမားတဲ့ပြောင်းလဲမှုကြီးတစ်ခု စတင်ဖန်တီးပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။ Lee Se-young ဟာ ၂၀၁၁ ခုနှစ်မှာလည်း သရုပ်ဆောင်ပိုင်းကို ပိုင်ပိုင်နိုင်နိုင်ဆက်ပြီး လုပ်ဆောင်နိုင်ခဲ့ပြီး  ၂၀၂၂ ခုနှစ်အထိ အောင်မြင်မှုတွေဆက်ပြီးရအောင်ယူနိုင်နေတုန်းပဲဖြစ်ပါတယ်။

Google

Lee Se-young ဟာ သရုပ်ဆောင်တဲ့အချိန်မှာလည်း ဒါရိုက်တာ လုပ်ခိုင်းတဲ့အတိုင်းမဟုတ်ဘဲ သူမကိုယ်တိုင် ထည့်ဖြည့်ပြီး သရုပ်ဆောင်တဲ့ အပိုင်းတွေကိုပိုကောင်းအောင် လုပ်နိုင်ပါတယ်။ ဒါကလည်း သူမရဲ့ အားသာချက်တစ်ခုပါ။ Lee Se-young ဟာ အသက် ၅ နှစ်အရွယ် ကစလို့ သရုပ်ဆောင်လောကထဲမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့သူဖြစ်ပြီး အခုချိန်အထိ လည်း တကယ့်ကို ကောင်းကောင်းမွန်မွန် သရုပ်ဆောင်နိုင်ဆဲ ကောင်မလေးဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။