တောင်ကိုရီးယားမင်းသမီး Lee Min Jung ဟာ ခင်ပွန်းဖြစ်သူအတွက် သူ့ရဲ့ အောင်မြင်နေတဲ့ ပုံရိပ်ကိုတောင် စွန့်လွှတ်ခဲ့တဲ့သူဖြစ်ပါတယ်။ Lee Min Jung ပါဝင်ရိုက်ကူးခဲ့တဲ့ လူသိများတဲ့ ဇာတ်လမ်းတွေက “Boys Over Flower” ၊ “Cryano Agency” ၊ “Wonderful Radio” ၊ “Cunning Single Lady” ၊ “Come Back Mister” စတဲ့ဇာတ်လမ်းတွေပဲဖြစ်ပါတယ်။ Lee Min Jung ဟာ အရမ်းကိုအောင်မြင်မှုတွေရရှိနေခဲ့ပေမယ့် သူမရဲ့ အသက်မွေးကြောင်းလုပ်ငန်းကို ခင်ပွန်းဖြစ်သူ Lee Byung Hun ကြောင့် စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ ဒါက Lee Min Jung တစ်ယောက် မင်းသား Lee Byung Hun ကို ဘယ်လောက်ထိ ချစ်လဲဆိုတာ ပေါ်လွင်နေပါတယ်။

Google

တောင်ကိုရီးယားမင်းသမီး Lee Min Jung ဟာ ငွေဇွန်းကိုက်ပြီးမွေးလာတာဖြစ်ပေမယ့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့တဲ့သူဖြစ်ပါတယ်။ သူမဟာ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားကြီးပြင်းလာတဲ့သူဖြစ်ပြီး သူမရဲ့ ဖခင်က ကြီးမားတဲ့ ကြော်ငြာအေဂျင်စီ ကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအိုတစ်ယောက်ပါ။ သူမရဲ့ မိခင်က ပီယာနိုပညာရှင်တစ်ယောက်ဖြစ်ပြီး သူမရဲ့ အဘိုးဖြစ်သူ Park No Soo ကလည်း နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ပါ။ ချမ်းသာတဲ့မိသားစုကနေ ဆင်းသတ်လာတဲ့သူဖြစ်သလို အနုပညာမျိုးရိုးရှိတဲ့သူဖြစ်ပေမယ့် Lee Min Jung က သူ့မိသားစုအပေါ် လုံးဝကို မမှီခိုပါဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကြိုးစားနေထိုင်သူ ဖြစ်ပါတယ်။ Lee Min Jung ကို “ခင်ပွန်းဖြစ်သူကိုအရမ်းရူးသွပ်တဲ့သူ” လို့လည်း လူသိများကြပါတယ်။

Google

လှပပြီးသူ့ကိုယ်သူတိုးတတ်အောင်အမြဲလုပ်နေတဲ့ Lee Min Jung ဟာ တောက်ပနေတဲ့အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရရှိဖို့ ထိုက်တန်လှပေမယ့် သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ ပတ်သတ်တဲ့ အရှုပ်အထွေးတွေကြောင့် အရာအားလုံး ဆုံးရှုံးခဲ့ရပါတယ်။ သူမရဲ့ခင်ပွန်းဖြစ်သူ Lee Byung Hun ဟာ လက်ရှိမှာ လူသိများပြီး နာမည်ကြီးတဲ့သူဖြစ်နေပေမယ့် သူ့ရဲ့ အတိတ်ကိုတော့ မဖျောက်ဖျက်နိုင်ပါဘူး။  Lee Byung Hun ဟာ ၂၀၀၉ ခုနှစ်က  နိုင်ငံရပ်ခြားက တရားမဝင်လောင်းကစားနဲ့ အမျိုးသမီးတစ်ယောက်ကို ကာယအိန္ဒြေထိပါးအောင် ရိုက်နှက်ရတာ ကြိုက်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အနုပညာလောကထဲကနေတောင် ထွက်ရလုနီးပါး ဖြစ်ခဲ့တဲ့သူဖြစ်ပါတယ်။ ပြစ်မှုတွေရှိနေပေမယ့်လည်း Lee Min Jung က Lee Byung Hun ကိုသာရွေးချယ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ Lee Min Jung ကိုယ်ဝန် ၃ လ ရှိနေစဉ်မှာလည်း Lee Byung Hun ဟာ နာမည်ကြီး အမျိုးသမီး အနုပညာရှင်နှစ်ယောက်နဲ့ သတင်းတွေထွက်ပြီး နာမည်ပျက်စာရင်း ထွက်ခဲ့ပါသေးတယ်။  အဲဒီအချိန်တုန်းက Lee Byung Hun ကလည်း အဆိုပါအမျိုးသမီး ၂ ယောက်က သူ့ကို ဝမ် ၅ သန်း ငွေညှစ်တယ်ဆိုပြီး ရဲတွေဆီပြန်လည်တိုင်ကြားခဲ့ပါတယ်။

Google

အမှုကိစ္စကိုပြန်လည်ဖြေရှင်းနိုင်ပြီး ငွေညှစ်တဲ့ အမျိုးသမီး ၂ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပေမယ့် လူတွေစိတ်ဝင်စားတာက အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပါလျက် မိန်းမတွေနဲ့ပွေရှုပ်ခဲ့တဲ့ Lee Byung Hun ကိုပဲဖြစ်ပါတယ်။

Google
Google

ပရိသတ်တွေက Lee Min Jung အစား အသားတဆတ်ဆတ်တုန်အောင် ဒေါသထွက်ခဲ့ပေမယ့် Lee Min Jung ကတော့ သူမရဲ့ခင်ပွန်းဖြစ်သူကို မစွန့်လွှတ်ခဲ့ပါဘူး။ Lee Byung Hun ကလည်း သူ့ရဲ့ ဇနီးဖြစ်သူကို လူသိရှင်ကြားတောင်းပန်ခဲ့ပါတယ်။ Lee Min Jung ကလည်း သူမရဲ့ခင်ပွန်းတောင်းပန်တာကို ပြန်လည်လက်ခံပေးခဲ့ပါတယ်။ Lee Byung Hun ဖောက်ပြန်တာ ဒီလောက် ထင်ရှားနေတာတောင်မှ ပြန်လည်လက်ခံပေးခဲ့တဲ့ Lee Min Jung ကို ပရိသတ်တွေကလည်းတော်တော်အံ့သြ ဒေါသထွက်ခဲ့ကြပါတယ်။

Google

လက်ရှိမှာတော့ သူတို့စုံတွဲလေးက သားဦးလေးတစ်ယောက်ရရှိပိုင်ဆိုင်ထားပြီး လူတိုင်းအားကျရတဲ့ စုံတွဲလေးဖြစ်နေကြပါပြီ။ တုန်လှုပ်ခြောက်ခြားစရာ ပြစ်မှုကြီးအပြီးမှာ Lee Byung Hun က အနုပညာလှုပ်ရှားမှုတွေ တရွေ့ရွေ့ ပြန်လုပ်လာပြီး နာမည်ပြန်ယူနိုင်ခဲ့ပါတယ်။ Lee Min Jung ကတော့ မိသားစုအရေးကို ပိုပြီးဦးစားပေးဖို့ရွေးခဲ့တာကြောင့် အနုပညာလှုပ်ရှားမှုတွေ သိပ်ပြီးမလုပ်တော့ပါဘူး။ သူမရဲ့နောက်ပိုင်း အလုပ်တွေကလည်း သိပ်ပြီး အရည်အသွေးမကောင်းတော့ပါဘူး။ သူမကိုအရမ်းကို ချစ်ခင်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကလည်း အတိတ်ကရွေးချယ်ခဲ့တဲ့ သူမရဲ့ မိုက်ရူးရဲဆန်တဲ့ရွေးချယ်မှုကြောင့် ဂရုဏာဒေါသနဲ့ ပရိသတ်အဖြစ်ကနေ စွန့်လွှတ်ခဲ့ကြပါတယ်။ ဒီလိုမျိုးဖြစ်ရပ်တွေကြောင့် Lee Min Jung ရဲ့ နာမည် ကျဆင်းလာခဲ့တာပါ။ ပရိသတ်တွေကဘယ်လိုပဲမှားတဲ့ပြောပြော Lee Min Jung ကတော့ သူမရွေးချယ်မှုကို အမြဲမှန်တယ်လို့ ယုံကြည်နေဦးမှာပဲဖြစ်ပါတယ်။

Google
Google

ဒါကြောင့် Lee Min Jung ဟာ သူမချစ်တဲ့ အနုပညာထက် ခင်ပွန်းဖြစ်သူမိသားစုအရေးကို ပိုပြီး အလေးထားရွေးချယ်ခဲ့တဲ့ အာဂ သတ္တိခဲကောင်မလေးအဖြစ် တောင်ကိုရီးယားအနုပညာရှင်လောက သမိုင်းမှာ ရှိနေခဲ့တာဖြစ်ပါတယ်။ မိသားစုကို အရမ်းချစ်တဲ့ကောင်မလေး တန်ဖိုးထားရတဲ့ မိသားစုလေးနဲ့ပျော်ရွှင်စွာ အချိန်အကြာကြီးနေထိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။