Sony ရဲ့ PlayStation လို့အသံကြားလိုက်တာနဲ့ ခေါင်းထဲကို တန်းဝင်လာတဲ့ ဂိမ်းဇာတ်ကောင်တွေက ငယ်ငယ်တုန်းတည်းက PS2 မှာဆော့နေကျ Resident Evil ထဲက Leo တို့ God of War စီးရီးတွေထဲက Kratos တို့ GTA စီးရီးတို့ တခြား PlayStation ဂိမ်းတွေအများကြီးထဲက ဂိမ်းဇာတ်ကောင်တွေကို ပြေးမြင်ကြမှာဖြစ်ပါတယ်

နာမည်ကြီး PlayStation ဂိမ်းဇာတ်ကောင်များ (credit:Wallpaper Access)

ဒါပေမဲ့ တရုတ်ပြည်က PlayStation 5 ဂိမ်းဆိုင်တစ်ခုမှာတော့ ထူးထူးခြားခြားပါပဲ PlayStation အတွက် Promote လုပ်တဲ့အနေနဲ့ ဆိုင်ရှော့မှာချပြထားတဲ့အရုပ်တွေကို PS ဂိမ်းတွေထဲက ကာရိုက်တာတွေကို မသုံးထားပဲ တခြား Platform ပေါ်က နာမည်ကြီးဂိမ်းဇာတ်ကောင်တွေကို အသုံးပြုထားပါတယ်

Mario and Bowser (credit:MRandom News)

တရုတ်နိုင်ငံ GuangZaung ပြနယ်က PlayStation 5 အရောင်းဆိုင်တစ်ခုမှာ PlayStation 5 ကို Promote ပြုလုပ်ဖို့အတွက် ဆိုင်ရှေ့မှာ Nintendo Switch ရဲ့ Classic ဇာတ်ကောင်တွေဖြစ်တဲ့ Mario နဲ့ Bowser တို့ပုံတွေကို ထောင်ထားတာပါ ရိုးရိုးပုံစံတွေနဲ့တောင်မဟုတ်ပဲ Super Mario Odyssey ထဲက သူတို့နှစ်ဦး မင်္ဂလာဆောင်ဝတ်စုံတွေနဲ့ အရုပ်လေးတွေကို အသုံးပြုထားတာကြောင့် အဲ့ုင်ပုံဟာ Twitter အသုံးပြုသူတွေကြားမှာ ရေပန်းစားလျက်ရှိနေပါတယ် 

လွဲတာမှ တော်ရုံတန်ရုံလွဲတာမဟုတ်ပဲ ဘာမှမဆိုင်တဲ့ ဂိမ်းကာရိုက်တာကြီးကို လုပ်ချထားတာပါ ဆိုင်ပုံကို Niko Partners ရဲ့ Daniel Ahmad က Unique decoration ဆိုတဲ့ Caption နဲ့ Twitter ပေါ်မှာတင်ပေးထားတာဖြစ်ပါတယ် မြင်ရတဲ့အတိုင်းပါပဲ Mario နဲ့ Bowser တို့ပုံ အရုပ်ကလေးနှစ်ခုကို ဆိုင်ရှေ့မှာထောင်ထားတာတွေ့ရမှာပါ

ဆိုင်ရှေ့မှာ အရုပ်တွေထောင်ထားတာပါ (credit:Twitter)

တော်တော်လေးကြောင်တောင်တောင်နိုင်ပေမဲ့ လာမဲ့ 11 ရက်နေ့ တရုတ်မှာ Switch OLED ကိုဖြန့်ချီဖို့ရှိတာကြောင့် အဲ့အတွက်ပါ Promotion ဆင်းပေးတာလားလို့ ကြည့်ရှူသူတွေက နောက်ပြောင်နေကြပါတယ် 

ဒါပေမဲ့ PlayStion ဆိုင်ကတင်အဲ့လိုလုပ်ပေးထားတာမဟုတ်ပါဘူး တရုတ်ပြည်ကပဲ Nintendo ဆိုင်ကို သွားကြည့်မယ်ဆိုရင်လည်း ဆိုင်ပေါ်က Display နေရာမှာ PlayStation 5 ကြီးကိုပြသထားတာ တွေ့နိုင်မှာဖြစ်ပါတယ် Daniel Ahmad ကသူ့ရဲ့ Tweet မှာပဲအောက်ကပုံကို Reply ပြန်ထားတာပါ 

Nintendo ဆိုင်ပေါ်က PlayStation 5 (credit:Twitter)

Tweet ရဲ့ Reply နေရာတောက်လျှောက်မှာ Twiiter အသုံးပြုသူတွေ မျိုးစုံစနောက်နေကြတဲ့ စကားတွေကို မြင်တွေ့ရမှာဖြစ်ပါတယ် ဝန်ထမ်းတွေက တကယ်ရည်ရွယ်ချက်ရှိရှိလုပ်တာလား မှားလုပ်မိတာလားမသိပါဘူး မှားလုပ်မိတာဆိုရင်တော့ တာဝန်ရှိတဲ့ ဝန်ထမ်းကို Sony ကအလုပ်ဖြုတ်ပြီးလောက်ပါပြီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။