တောင်ကိုရီးယားအဆိုတော်အဖွဲ့ TVXQ ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ TVXQ ရဲ့ Changmin ဟာဆိုရင် သူ့ရဲ့ဇနီးဖြစ်သူနဲ့ ဘယ်လိုမျိုးတွေ့ဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းလေးကို ဝေမျှပေးလာခဲ့ပါတယ်။

Google

ဇန်နဝါရီလ ၆ ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ JTBC ရဲ့ “Bistro Shigor” အစီအစဉ်မှာ ပါဝင်ထားတဲ့ အဖွဲ့ဝင်တွေက Yanggu County မှာသွားရောက်ရိုက်ကူးကြရပါတယ်။ Bistro Shigor အဖွဲ့ဝင်တွေအားလုံး Yanggu County ကိုရောက်ရှိတဲ့အချိန်မှာ ရိုက်ကူးရေးမှာပါဝင်တဲ့ အဖွဲ့ဝင်တွေထဲကတစ်ယောက်ဖြစ်တဲ့ Cha In Pyo က Changmin ကို မင်းမိန်းမကို စတွေ့တွေ့ချင်း (Love at first sight) မှာပဲ သဘောကျခဲ့တာလားဆိုတဲ့ မေးခွန်းကို မေးလိုက်ပါတယ်။

Soompi
Soompi

Changmin ကလည်း ရိုးသားစွာနဲ့ပဲ ငါသူ့ကိုတွေ့ပြီး စကားပြောကြည့်ပြီးပြီးချင်းမှာပဲ သူ့ကို လက်ထက်မယ်ဆိုတဲ့ အတွေးဝင်လာခဲ့တာပါလို့ ပြန်ဖြေခဲ့ပါတယ်။

Google

TVXQ ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Changmin ဟာ နာမည်ကြီးထဲကမဟုတ်တဲ့သူတစ်ယောက်နဲ့ ဇွန်လ ၂၀၂၀ ခုနှစ်မှာ လက်ထပ်တော့မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ မင်္ဂလာလက်ထပ်ပွဲကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကို သိပ်ပြီး ခမ်းခမ်းနားနားမလုပ်ဘဲ အကျဉ်းချုံးသာလုပ်ခဲ့တာကြောင့် Changmin တစ်ယောက် မင်္ဂလာဆောင်ခဲ့တာကိုတောင် ပရိသတ်တွေ မသိခဲ့ကြပါဘူး။ Changmin ဟာ သူ့ရဲ့ ဇနီးဖြစ်သူကို ပထမဦးဆုံး စတွေ့တွေ့ချင်မှာတဲ့ လက်ထပ်ဖို့အထိ ရည်ရွယ်ခဲ့ရလောက်တဲ့အထိကို ချစ်ခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။