Wanted အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Rocker ကြီး အဆိုတော် ဖော်ကာ (Fokker )ဟာဆိုရင် ချစ်စရာကောင်းတဲ့မိသားစုလေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့သူပဲဖြစ်ပါတယ်။ အဆိုတော်ဖော်ကာနှင့် သူ့ရဲ့ဇနီးသည် ပွင့်ဖြူအောင်တို့ဟာ ချစ်သူသက်တမ်း ၄ နှစ်ခွဲအကြာမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

Photo - Credit 

အဆိုတော် ဖော်ကာဟာ အနည်းဆုံး ကလေး နှစ်ဦး လိုချင်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေထားခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း အဆိုတော် ဖော်ကာမှာ သူ့ရည်မှန်းထားတဲ့အတိုင်း ချစ်ဖို့ကောင်းတဲ့ သားသားလေးနဲ့ မီးမီးလေးတို့နှစ်ယောက် ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ဒါကြောင့် Rocker အဆိုတော်ကြီးဖော်ကာက သူ့အလိုချင်ဆုံးပုံစံအတိုင်း သားကြီးနဲ့သမီးငယ်လေး မွေးပေးခဲ့တဲ့ ချစ်စရာ ဇနီးဖြစ်သူကို ကျေးဇူးတင်တဲ့အကြောင်းပြောရင်း သားသားမီးမီးပုံလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးထားပါတယ်။

Fokker's Facebook
Fokker's Facebook
Fokker's Facebook

သားသားမီးမီးလေးနှစ်ယောက်စလုံးက ချစ်ဖို့ကောင်းကြပြီး တကယ့်ကို ဖအေတူ မအေတူလေးတွေပါ။ အဆိုတော်ဖော်ကာနှင့် ဇနီးဖြစ်သူ ပွင့်ဖြူအောင်တို့ဟာ ၂၀၁၂ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ ချစ်စရာသားဦးလေးကိုတော့ လက်ထပ်ပြီး အိမ်ထောင်သက် ၁ နှစ်ကျော်မှာ ပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။