အဆိုတော် နိုဗမ်ထူးဟာဆိုရင် ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျရာတာဝန်ကို ထမ်းဆောင်နေတဲ့သူဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အဆိုတော် နိုဗန်ထူးက သူ့ရဲ့ သူငယ်ချင်းနှစ်ယောက်ကို သတိရနေမိတဲ့အကြောင်းလေးကို ပုံလေးနဲ့တကွ အခုလိုလေး ပြောလာပါတယ်။

Photo - Credit

“တယောက်က နတ်ပြည်

တယောက်က တောခို

တယောက်က အကျဉ်းကျ

ရနေတဲ့ သတိကို သတ္တိနဲ့ အစားထိုးထားတယ်။?”

Novem Htoo's Facebook

ဓာတ်ပုံလေးထဲမှာဆိုရင် အဆိုတော်နိုဗန်ထူးနှင့်အတူ အဆိုတော်အီတိုးနှင့်အဆိုတော် ရေမွန်တို့နှစ်ယောက်ကိုပါ တွေ့ရမှာဖြစ်ပါတယ်။ အဆိုတော်ရေမွန်ဟာဆိုရင် ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ရင်း ၅၀၅ (က) ပုဒ်မဖြင့် ထွက်ပြေးတိမ်းရှောင်နေရခဲ့တဲ့သူဖြစ်ပါတယ်။ အဆိုတော် ရေမွန်ဟာ ဇွန်လ ၂၃ ရက်နေ့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

Sound Cloud

အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ သားဖြစ်တဲ့ အီတိုး (ခေါ်) ဝင်းထွဋ်သော်တာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Photo - Credit

ဒါကြောင့် အဆိုတော် နိုဗန်ထူးက သူ့ရဲ့ အနားမှာမရှိကြတော့တဲ့ သူငယ်ချင်းတွေကို သတိရရင်းနဲ့ တစ်ယောက်က နတ်ပြည် တစ်ယောက်က တောခို တစ်ယောက်က အကျဉ်းကျ ဆိုတဲ့စာသားလေးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ခဲ့တာပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။