တောင်ကိုရီးယားအဆိုတော်၊ သရုပ်ဆောင်ရိန်းဟာဆိုရင် သူ့ရဲ့အတိတ်ဘဝကိုပြန်လည်ပြောရင်း ဇနီးဖြစ်သူနဲ့ လက်ထပ်ဖြစ်ခဲ့တဲ့ အကြောင်းလေးကိုပြန်လည်ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကို “The reason for Kim Tae-hee’s marriage seen by Seoul National University alumna Honey Lee” ခေါင်းစဉ်နဲ့ “Netflix Korea” ဆိုတဲ့ Youtube Channel မှာတင်ထားတာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာဆိုရင် Noh Hong-chul ၊ Bi Rain နှင့် Honey Lee တို့သုံးယောက် Gangwon-do ကို ခရီးထွက်တဲ့အကြောင်းအရာလေးကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Kbizoon
minnews

ရိုက်ကူးရေးအစီအစဉ်ထဲမှာ Noh Hong-chul က ရိန်းရဲ့ ဇနီးဖြစ်သူ ကင်တေဟီး ရဲ့ အကြိုက်ပုံစံအကြောင်းကို ပြန်ပြောရင်း ကင်တေဟီးက စမတ်ကျပြီး ရုပ်ချောတဲ့ကောင်လေးတွေကို သဘောကျတယ်ဆိုတဲ့အကြောင်းလေးပြောလာပါတယ်။ Honey Lee ကလည်း ကင်တေဟီး က တကယ်တော့ စိတ်မြန်တဲ့သူဖြစ်ကြောင်း ထပ်မံပြောလာပါတယ်။ Kim Tae-hee ဟာ သူငယ်ချင်းတွေနဲ့ မကြာခဏ တောင်တတ်တာ ၊ ဒိုင်ဗင်ထိုး ရေငုတ်တာတွေ လုပ်လေ့ရှိတဲ့သူဖြစ်ပြီး အရက်မကြိုက်တဲ့သူဖြစ်ကြောင်းလည်းထပ်ဆောင်းပြောထားပါတယ်။ ရိန်းကလည်း အရက်မကြိုက်တဲ့သူဖြစ်တာကြောင့် ကင်တေဟီး သဘောကျတဲ့ ပုံစံစိတ်ကူးထဲကကောင်လေးမျိုး ဖြစ်တဲ့အကြောင်း ပြောပါတယ်။

allkpop

အပြန်အလှန်စကားတွေပြောကြပြီးတဲ့နောက် ရိန်းကသူနဲ့ဇနီးဖြစ်သူ ကင်တေဟီး တို့တွေ့ဖြစ်ခဲ့တဲ့အကြောင်းလေးကို အခုလိုလေး ဖောက်သည်ချထားပါတယ်။

Bi Rain

ဒါဆိုနင်က အဲဒီအချိန်ကတည်းက သူ့ကို သဘောကျနေတာလားဆိုပြီး ရိန်းကို Honey Lee က ထပ်ပြီးမေးခဲ့ပါတယ်။ အဲဒီမေးခွန်းရဲ့ အဖြေကို ရိန်းက အခုလိုဖြေခဲ့ပါတယ်။

allkpop
Bi Rain

၅ ကြိမ်တိတိ အစွန့်ပစ်ခံခဲ့ရပေမယ့် အဆိုတော် သရုပ်ဆောင် ရိမ်းဟာ မာနခဲ မင်းသမီးလေး ကင်တေဟီး ကို လက်ထပ်ယူနိုင်ခဲ့ပါတယ်။ ကင်တေဟီး နှင့် ရိန်းတို့ဟာ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး အခုအချိန်မှာတော့ သမီးကလေးနှစ်ယောက်ရဲ့ မိဘတွေတောင် ဖြစ်နေကြပါပြီ။

သတင်းအရင်းမြစ်: kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။