ဇန်နဝါရီ ၂ ရက်နေ့မှာ Hammington မိသားစု က KBZ ရဲ့ “The The Return of Superman” အစီအစဉ်လေးကနေ ထွက်လာတဲ့ အထိမ်းအမှတ်အဖြစ် ကြည်နူးစရာ နောက်ဆုံးအပိုင်း နှုတ်ဆက်ပွဲလေးကို ပြုလုပ်ခဲ့ပါတယ်။ Hammingtonမိသားစုဟာ The Return of Superman အစီအစဉ်မှာ ၂၀၁၆ ခုနှစ်ကတည်းက ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

Soompi

သူတို့ရဲ့နောက်ဆုံးအပိုင်းလေးမှာ “Could you perhaps remember us?” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ WillBen Kitchen လေးကိုဖွင့်ပေးပြီး ကြည့်ရှုသူတွေကို ကျေးဇူးတင်ကြောင်း ပြသခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာ Hammington တို့ သားအဖ သုံးယောက်စလုံး အချစ်တွေနဲ့ ကိုယ်တိုင် စားစရာလေးတွေ ချက်ပြုတ်ပြင်ဆင်ခဲ့ကြတာပါ။

Soompi

အစီအစဉ်လေး စစချင်းမှာ Bentley နှင့် William တို့ တံခါးလေးကိုဖွင့်ပြီး ဖောက်သည်တွေကို ကြိုဆိုခဲ့ကြပါတယ်။ Bentley နှင့် William တို့ရဲ့ ပုံစံလေးက ပရိသတ်တွေကို အမြဲသတိရနေအောင် အောင့်မေ့နေစေလောက်အောင်ကို အရမ်းကို ချစ်ဖို့ကောင်းလွန်းနေပါတယ်။ အစီအစဉ်လေး ပြီးသွားတဲ့နောက်မှာ ခုနက ဆိုင်ကို လာခဲ့ကြတဲ့ ဖောက်သည်တွေအာလုံး ပြန်ဝင်လာကြပြီး ပန်းစည်းလေးတွေ လက်ဆောင်လာပေးကြပါတယ်။

Soompi

နောက်ဆုံးနှုတ်ဆက်အင်တာဗျူးမှာလည်း Sam Hammington က သူ့ရဲ့ သားလေးနှစ်ယောက်ဟာ ဒီအစဉ်ကြောင့် အချစ်တွေအများကြီးရခဲ့သလို အတွေ့အကြုံတွေလည်း ရခဲ့တယ်လို့ ဆိုပါတယ်။ The Return of Superman အစီအစဉ်မှာ ပါဝင်ခဲ့တဲ့  ၅ နှစ်တာ ကာလ အချိန်တွေဟာ သူတို့ သားအဖတွေအတွက် တကယ့်ကို အဖိုးတန် အချိန်တွေ ဖြစ်ခဲ့တယ်လို့လည်း Sam Hammington က ထပ်ဆောင်းပြောခဲ့ပါတယ်။ Bentley နှင့် William တို့ကလည်း ပရိသတ်တွေကို ကျေးဇူတင်ပြီး ချစ်တဲ့အကြောင်းလေး ပြောပြီး အစီအစဉ်လေးကနေ နှုတ်ဆက်ခဲ့ကြပါတယ်။

Soompi

Sam Hammington ဟာ ၂၀၁၈ ခုနှစ်ရဲ့ KBS Entertainment Awards ဆုပေးပွဲမှာ Top Excellence in Variety Award ကိုရရှိခဲ့ပါတယ်။  ၂၀၁၉ ခုနှစ် KBZ Entertainment Awards ဆုပေးပွဲမှာလည်း အခြား “The Return of Superman” မှာပါဝင်တဲ့ ဖခင်ဖြစ်သူများနှင့်အတူ Daesang ဆုကို ရရှိခဲ့ပါတယ်။ Hammingtonမိသားစု ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ “The Return of Superman” အစီအစဉ်ကနေ တရားဝင်ထွက်တော့မယ့်အကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

KBS

ချစ်ဖို့ကောင်းတဲ့ Bentley လေးနဲ့ William လေးတို့နဲ့  The Return of Superman အစီအစဉ်ကနေ ခွဲရပြီဆိုတော့ တကယ်ကို စိတ်မကောင်းဖြစ်ပြီး လွမ်းနေတော့မှာပဲနော်။ ကောင်းကောင်းမွန်မွန်ရှင်သန်ပြီး လူချောလူကောင်းလေးတွေ ဖြစ်လာပေးကြပါ ကလေးလေးတို့ရေ နှုတ်ဆက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။