Dispatch က နှစ်စဉ်နှစ်တိုင်း နှစ်ဦးကာလတွေမှာ လျို့ဝှက်တွဲနေကြတဲ့ တောင်ကိုရီးယား နာမည်ကြီး စုံတွဲတွေအကြောင်းကို ဖော်ထုတ်ပေးနေကြပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း အားလုံးစောင့်မျှော်နေကြတဲ့ ၂၀၂၂ ခုနှစ်အတွက် နှစ်ဦး စုံတွဲတစ်တွဲကို dispatch က ဖော်ထုတ်ပေးလိုက်ပါပြီ။

Dispatch

Dispatch က ဖော်ထုတ်ပေးလိုက်တဲ့ နှစ်ဦး စုံတွဲကတော့  တောင်ကိုရီးယားမိန်းကလေး အဆိုတော်အဖွဲ့ T-ARA က Hyomin နဲ့ တောင်ကိုရီးယားနိုင်ငံလက်ရွေးစင်ဘောလုံးသမား Hwang Ui Joo တို့ပဲဖြစ်ပါတယ်။

news.sbs.co.kr

ကာယကံရှင်နှစ်ဦးစလုံးကလည်း သူတို့တွဲနေတဲ့အကြောင်းကို တရားဝင် အတည်ပြုပေးလိုက်ပါပြီ။ Dispatch ရဲ့ အဆိုအရ သူတို့နှစ်ဦးတွဲနေကြတာ ၃ လလောက်ရှိနေပြီလို့ သိရပါတယ်။ ဒီသတင်းကို Dispatch က သူတို့နှစ်ဦးသား ဆွစ်ဇာလန်နိုင်ငံမှာ လျှောက်လည်နေကြတဲ့ ပုံတွေနဲ့အတူ ဖော်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

Dispatch
Dispatch

ကာယကံရှင်နှစ်ဖက်စလုံးရဲ့ အေဂျင်စီတွေဘက်လည်း သူတို့နှစ်ဦးဟာ လက်ရှိမှာ တွဲနေကြတာဖြစ်ပြီး ချစ်သူရည်းစားသက်တမ်းနုသေးတာကြောင့် အခုမှ တစ်ယောက်ကို တစ်ယောက် လေ့လာနေကြတဲ့ အဆင့်မှာပဲရှိသေးတယ်လို့ ပြောထားပါတယ်။

timesofindia.indiatimes.com

Dispatch ဟာ ၂၀၂၁ ခုနှစ်တုန်းကလည်း Crash Landing on You ဇာတ်လမ်းထဲမှ Hyun Bin နှင့် Son Ye Jin တို့ကို တွဲနေကြောင်း ဖော်ထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။