ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သလို ပရိသတ်တွေကို ရယ်မောပြောရွှင်အောင် လုပ်ပေးလေ့ရှိတဲ့ ဝါရင့်လူရွှင်တော်ကြီး ဦးမေတ္တာ ကွယ်လွန်သွားခဲ့တာ ယမန်နေ့ ဇန်နဝါရီလ ၂ ရက်နေ့တုန်းက ၅ လပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။

Photo - Credit to Original Uploader

ဦးမေတ္တာကွယ်လွန်ခြင်း ၅ လ ပြည့်တဲ့အနေနဲ့ ကျန်ရစ်သူမိသားစုက ယမန်နေ့ ဇန်နဝါရီ ၂ရက်နေ့တုန်းက ကိုးထပ်ကြီး ဘုရားဝင်း ၊ ရွှေတောင်တိုက်သစ် ဘုန်းတော်ကြီးကျောင်းမှာ သံဃာတော်များကို နေ့ဆွမ်းကပ်ခဲ့ကာ ဘုန်းတော်ကြီး ပညာသင်ကျောင်းမှ ကလေးများကိုလည်း နေ့လည်စာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Myittar Myitmyat Hein's Facebook
Myittar Myitmyat Hein's Facebook

ဦးမေတ္တာဟာ သြဂုတ်လ ၂ ရက်နေ့  ၊ နေ့လည် ၁၂ နာရီအချိန်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဦးမေတ္တာဟာ စီးပွားရေးဘွဲ့ B.Com(Eco) ရရှိထားသူ ဖြစ်ပေမယ့် လူရွှင်တော်အလုပ်ကိုဝါသနာပါတာကြောင့် တက္ကသိုလ်အနုပညာလောကမှတစ်ဆင့် လူရွှင်တော်တစ်ယောက်ဖြစ်လာခဲ့တဲ့သူဖြစ်ပါတယ်။

Myittar Myitmyat Hein's Facebook

ဦးမေတ္တာ ကွယ်လွန်သွားချိန်မှာ အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး အနုပညာလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တာကြောင့် ပရိသတ်အများအပြား နှမြောဝမ်းနည်းစိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။