ပြည်သူ့မင်းသား ပိုင်တံခွန်ဟာဆိုရင်TC Candler မှာကမ္ဘာ့အချောဆုံး ဆုရသွားခဲ့တာ အားလုံးပဲ သိကြပြီးသားဖြစ်ပါတယ်။ပိုင်တံခွန်ကTC Candler ကရွေးချယ်တဲ့ ကမ္ဘာ့အချောဆုံးအမျိုးသားတွေထဲမှာ နံပါတ်၁ဖြစ်ပြီး  Blackpink အဖွဲ့ဝင်Lisa ကကမ္ဘာ့အချောဆုံးအမျိုးသမီးတွေထဲမှာနံပါတ်၁အဖြစ်ရွေးချယ်ခံရတာဖြစ်ပါတယ်။

Photo - Credit to Original Uploader

ပိုင်တံခွန်ဟာ ကမ္ဘာကျော်ဟောလိဝုဒ်မင်းသားတွေKpop idol တွေကိုကျော်လွန်ပြီး ကမ္ဘာအချောဆုံးအဖြစ်သတ်မှတ်ခံ ရတာကြောင့်တချို့က မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေကြောင့်ရသွားတာလို့ ဆိုကြပါတယ်။ဒါပေမယ့်မြန်မာပြည်ရဲ့အခြေအနေကြောင့်ပိုင်တံခွန်က ကမ္ဘာ့အချောဆုံးဆုရသွားတာလုံးဝမဟုတ်ပါဘူး။ 

Photo - Credit to Original Uploader

ဒီအကြောင်းကိုနိုင်ငံတကာကသတင်းစာမျက်နှာထွေထဲမှာအသေးစိတ်ရှင်းပြထားပါတယ်။

Photo - Credit to Original Uploader

ကမ္ဘာကျော်အောင်မြင်မှုတွေဟာလွယ်လွယ်နဲ့ဖြစ်တည်လာကြတာမဟုတ်ပါဘူး။သူတို့မှာစံသတ်မှတ်ချက်ပုံစံတွေအများကြီးရှိပါတယ်။ ရွေးချယ်ခံရဲ့အကြောင်းအရင်းကတော့ပိုင်တံခွန်ကမျက်နှာခွဲစိတ်ဆရာဝန်တွေ စံအဖြစ်သတ်မှတ်ထားတဲ့အချိုးအစားမျက်နှာကျပုံစံထဲ အံ့ဩဖို့ကောင်းစွာကွက်တိဝင်နေခဲ့တာလို့ သိရပါတယ်။

Photo - Credit to Original Uploader

လူကထောင်ထဲရောက်နေပေမယ့်ပိုင်တံခွန်ရဲ့ချောမောမှုကြီးကတော့ အံ့ဩဖို့ကောင်းလောက်အောင်ကမ္ဘာကျော်နေတာဖြစ်ပါတယ်။ကိုပိုင်တံခွန်သာအပြင်မှာဆိုရင်ဟောလိဝုဒ်ဇာတ်လမ်းတွေထဲမှာတောင်ပါဝင်ဖို့ကမ်းလှမ်းခံနေရလောက်ပါပြီ။

Photo - Credit to Original Uploader
Photo - Credit to Original Uploader

ပြည်သူ့မင်းသားလေးအမြန်ဆုံးလွတ်မြောက်လာပြီးကမ္ဘာကျော်အောင်မြင်မှုတွေကိုဆက်လတ်ဆွတ်ခူးနိုင်ပါစေ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။