တောင်ကိုရီးယားမင်းသား Lee Jong Suk ဟာ နှစ်ကုန်အလှူအဖြစ် အဓိပ္ပါယ်ရှိလှတဲ့ လှူဒါန်းမှုတစ်ခုကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ Green Umbrella Children’s Foundation ရဲ့ အဆိုအရ မင်းသား Lee Jong Suk ဟာ နှစ်ကုန်အလှူအဖြစ် တောင်ကိုရီးယားဝမ် သန်း ၁၀၀ ကို သူတို့ရဲ့ ဖောင်ဒေးရှင်းဆီကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

Lee Jong Suk

တောင်ကိုရီးယားဝမ်သန်း ၁၀၀ ဟာ မြန်မာငွေနဲ့တွက်ရင် သိန်းပေါင်း ၁၆၀၀ နီးပါးလောက်ရှိပါတယ်။ မင်းသား Lee Jong Suk က သူ့ရဲ့ လှူဒါန်းငွေတွေကို ကလေးငယ်ပြုစုစောင့်ရှောက်ရေးဂေဟာမှ အသက် ၁၈ နှစ်ပြည့်ပြီးလို့ ကိုယ့်ဘဝကိုယ်လျှောက်တော့မယ့်သူတွေအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Lee Jong Suk

လှူဒါန်းမှုနဲ့ပတ်သတ်ပြီးတော့လည်း သူ့ရဲ့ သဘောထားကို Lee Jong Suk ကအခုလိုပြောလာပါတယ်။

Lee Jong Suk 
Lee Jong Suk

Lee Jong Suk ဟာ အလှူအတန်းတွေ မကြာခဏပြုလုပ်လေ့ရှိတဲ့ တောင်ကိုရီးယားရဲ့ ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ပါတယ်။ လတ်တလောမှာတော့ Girls’ Grneration အဖွဲ့ဝင် YoonA နဲ့ အတူ “Big Mouth” ဒရမ်မာမှာ အတူတွဲသရုပ်ဆောင်ထားပါတယ်။ “Big Mouth” ဒရမ်မာကတော့ အခု ၂၀၂၂ ခုနှစ်မှာပဲ ထွက်ရှိလာမှာဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။