Beauty Blogger ဝင်းမင်းသန်းဟာဆိုရင်အရမ်းကိုချစ်ဖို့ကောင်းပြီး ပွင့်ပွင့်လင်းလင်းပြောဆို နေထိုင်တတ်တဲ့သူဖြစ်ပါတယ်။အမှန်တရားအတွက်ဆိုရင်ဘာကိုမှမကြောက်တဲ့ မဝင်းမင်းသန်းကို စစ်ကောင်စီဘက်မှ ဧပြီလကတည်းက ဖမ်းဆီးထားတာဖြစ်ပါတယ်။ဒီကနေ့ ဒီဇင်ဘာလ၃၀ရက်နေ့မှာတော့Glow Nation မဝင်းမင်းသန်းကို ထောင်ဒဏ်အမိန့်ချလိုက်ပြီပဲဖြစ်ပါတယ်။ 

Photo - crd

ကနဦးသတင်းတွေအရGlow Nation မဝင်းမင်းသန်းကိုအလုပ်ကြမ်းနှင့်ထောင်ဒဏ်၃နှစ်လို့ သတင်းတွေ ထွက်နေပေမယ့်တကယ်တမ်းတော့ ထောင်ဒဏ်၆နှစ်တိတိ ချလိုက်တာဖြစ်ကြောင်း ရှေ့နေဖြစ်သူရဲ့အဆိုအရ သိရပါတယ်။မဝင်းမင်းသန်းကို ပုဒ်မ၅၀၅- က ဖြင့်ထောင်ဒဏ်၃နှစ် ၊မတရားအသင်းဆက်သွယ်မှုဖြင့်ထောင်ဒဏ်၃နှစ်စုစုပေါင်း၆နှစ်တိတိ ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Photo - crd

ဒီကနေ့ဒီဇင်ဘာလ၃၀ရက်နေ့မှာတော့ ဖမ်းဆီးခံထားရတဲ့ပြည်သူ့အချစ်တော်အနုပညာရှင်တွေဖြစ်ကြတဲ့ ဦးလူမင်း၊ရဲတိုက်၊အိနြ္ဒာကျော်ဇင်၊ပြေတီဦး၊တေးသံရှင်စောဖိုးခွား၊အဆိုတော်ပိုပိုနှင့်Beauty Blogger မဝင်းမင်းသန်းတို့ အားလုံးကိုထောင်ဒဏ်အသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။

Photo - crd

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။