ဒီကနေ့ဒီဇင်ဘာလ၃၀ရက်နေ့မှာတော့ အဖမ်းဆီး ခံထားရတဲ့အနုပညာရှင်တွေအားလုံးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ်သုံးနှစ်စီချမှတ်လိုက်တယ်လို့ သိရပါတယ်။စစ်ကောင်စီဟာမော်ဒယ်သရုပ်ဆောင်ပိုင်တံခွန်ကို အမိန့်ချပြီးတဲ့နောက်မှာ အခြားအထင်ကရအနုပညာရှင်တွေကိုလည်း အခုလိုမျိုး အမိန့်တွေတစ်ပုံစံတည်း ချမှတ်လိုက်တာဖြစ်ပါတယ်။

Photo - crd

ဒီကနေ့မနက်ပိုင်းတုန်းက အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်ဦးလူမင်း၊ရဲတိုက်တို့ကို အမိန့်ချခဲ့ပြီး ညနေပိုင်းမှာတော့ သရုပ်ဆောင်ပြေတီဦး၊ အိနြ္ဒာကျော်ဇင် ၊ တေးသံရှင်စောဖိုးခွား၊ အဆိုတော်ပိုပိုနှင့်အလှဖန်တီးရှင်ဝင်းမင်းသန်းတို့ အားလုံးကို အလုပ်ကြမ်းနှင့်ထောင်ဒဏ်၃နှစ်စီ အမိန့်တွေ ချခဲ့တယ်လို့သိရပါတယ်။

Photo - crd
Photo - crd

စစ်ကောင်စီအနေနဲ့အခုလို အနုပညာရှင်အားလုံးကိုအလောတကြီး ထောင်ဒဏ်တွေအမိန့်ချနေခဲ့တာဟာအကြောင်းအရင်းတစ်ခုခု ရှိကောင်းရှိနိုင်တယ်လို့သုံးသပ်ထားသူများလည်းရှိပါတယ်။ 

Photo - crd

မတရားသဖြင့်အမိန့်တွေချမှတ်ခံရတဲ့ပြည်သူ့အနုပညာရှင်တွေအားလုံးအမြန်ဆုံးပြန်လည်လွတ်မြောက်လာကြပါစေ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။