အားလုံးပဲ အစားအသောက်တွေစားပြတဲ့ ဗီဒီယိုတွေမှာ နာမည်ကြီးတဲ့သူဖြစ်တဲ့ Yang Soobin ကို သိကြတယ်မဟုတ်လား။ Yang Soobin လို့ပြောလိုက်ရင် တော်တော်များများက ဝဝတုတ်တုတ်ကောင်မလေးကို ပြေးမြင်ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Yang Soobin က အရင်လို ဝဝတုတ်တုတ်ကောင်မလေးမဟုတ်ဘဲ အရမ်းကို လှပတဲ့ကောင်မလေးတစ်ယောက်ဖြစ်သွားပါပြီ။

Yang Soobin

နာမည်ကျော် Youtuber တစ်ယောက်ဖြစ်တဲ့ Yang Soobin ဟာ မယုံနိုင်စရာကောင်းလောက်တဲ့ ပြောင်းလဲမှုကြီးကို မျက်ဝါးထင်ထင် လုပ်နိုင်တဲ့သူဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာ အသက် ၂၈ နှစ်ရှိသွားပြီပဲဖြစ်ပါတယ်။

Yang Soobin

ဒီကနေ့မှာတော့ Yang Soobin က သူမရဲ့ အသက် ၂၈ နှစ်အရွယ်ပုံလေးကို မှတ်တမ်းအနေနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးထားပါတယ်။

Yang Soobin

လူတွေက ပိန်သွားရင်ပိုပြီးနုလာတယ်ဆိုတဲ့အတိုင်း Yang Soobin တစ်ယောက်လည်း တော်တော်လေးနုပြီးတော့ ချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။

Yang Soobin

Yang Soobin အသက်၂၈ နှစ်ကပုံလေးက အသက် ၂၄ တုန်းက ပုံထက်တောင် ပိုပြီးနုပြီး လှပနေတာပါ။ ဒီအတိုင်းသာ ကိုယ်အလေးချိန်လေးကို ဆက်ပြီးထိန်းသွားရင် နောက်ထပ် အသက် တွေကြီးလာရင်လည်း Yang Soobin တစ်ယောက် ပိုပိုပြီးနုလာပြီး ချစ်ဖို့ကောင်းလာဦးမှာ အသေအချာပဲဖြစ်ပါတယ်။

Yang Soobin

ဒါကြောင့် အားလုံးလည်း ပိုပြီးနု ပိုပြီးလှပဖို့ Yang Soobin လို့မျိုး ကိုယ်အလေးချိန်ကို ရအောင်ချနိုင်ဖို့ ကြိုးစားကြည့်ကြရအောင်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။