မြန်မာနိုင်ငံရုပ်ရှင်လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ ဦးလူမင်းကို ဒီကနေ့ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဦးလူမင်းဟာ ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တဲ့ လေးစားစရာ အနုပညာရှင်တွေထဲကတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလကတည်းက အမှန်တရားဘက်က ရဲရဲဝင့်ဝင့် ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဦးလူမင်းကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အကယ်ဒမီများရှင်ဦးလူမင်း
အကယ်ဒမီများရှင်ဦးလူမင်း

ဦးလူမင်းဟာ အာဏာသိမ်းဆန့်ကျင်မှုမှာ ပါဝင်ခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က နဲ့ အင်းစိန်ထောင်တွင်းတရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ သူဖြစ်ပါတယ်။

အကယ်ဒမီများရှင်ဦးလူမင်း

ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးလူမင်း အပြင် သရုပ်ဆောင်ရဲတိုက် ကိုလည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုမင်းသွေးသစ်ကို ထောင် ၁ နှစ် ၊ ကိုအေးအောင်ကို ထောင် ၃ နှစ် ၊ ဒေါက်တာမျိုးညွန့်ကို ထောင် ၂ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ သရုပ်ဆောင် ရဲတိုက်နှင့် ဦးလူမင်းတို့ ချမှတ်ခံရတဲ့ထောင်ဒဏ်တွေဟာ  စွပ်စွဲခံရတဲ့ ပြစ်ဒဏ်တွေထဲမှာ အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။