သရုပ်ဆောင် ၊ အဆိုတော် စန္ဒီမြင့်လွင်ဟာ ချစ်ဖို့ကောင်းပြီးပျော်ရွှင်စရာ မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ သူမရဲ့ သမီးဦးလေးဖြစ်တဲ့ ထရက်ရှာလေးဟာလည်း အရမ်းကိုချစ်ဖို့ကောင်းပြီး သွက်သွက်လက်လက်လေး ဖြစ်တာကြောင့် ပရိသတ်တွေ အချစ်တော် အသဲကျော်သမီးလေးဖြစ်ပါတယ်။

မေမေ စန္ဒီမြင့်လွင်ဟာ သူမရဲ့ သမီးလေး ထရက်ရှာလေးရဲ့ ဗီဒီယိုလေးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မကြာခဏတင်ပေးလေ့ရှိပါတယ်။ ဒီတစ်ခေါက်မှာလည်း စန္ဒီမြင့်လွင်က သူမရဲ့ သမီးလေးကို ခေါင်းလျှော်ပေးနေတဲ့ ဗီဒီယိုလေးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးထားပါတယ်။

Sandi Myint Lwin's Facebook

“နေကောင်းခါစဘေဘီကြီးလေးကိုပြန်ဖျားမှာဆိုးလို့ဖေဖေနဲ့မေမေကရေနွေးလေးနဲ့လသားလေးလိုမြန်မြန်လျှော်ပေးနေတာကို သူကဇိမ်ခံနေတာငြိမ်နေတာပဲ?

နောက်လဲအဲ့လိုလျှော်ပေးဦးဆိုပဲ?”

Sandi Myint Lwin's Facebook

ဗီဒီယိုလေးထဲမှာ မေမေစန္ဒီမြင့်လွင်နဲ့ဖေဖေတို့က နေကောင်းခါစ သမီးလေး ထရက်ရှာကို ပြန်ပြီးမဖျားအောင် Spa ရောက်နေသလိုမျိုး သေသေချာချာလေး ခေါင်းလျှော်ပေးနေတာပါ။ သမီးလေး ထရက်ရှာကလည်း တကယ့်ကို ဇိမ်အပြည့်နဲ့ အရမ်းသဘောကျနေတာဖြစ်ပါတယ်။ မေမေ စန္ဒီမြင့်လွင်တို့ မိသားစုလေးကို ကြည့်ရတာ ချစ်ဖို့ကောင်းပြီး တကယ့်ကို ကြည်နူးစရာလေးပါပဲနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။