The Rock မင်းသားကြီး Dwayne Johnson ဟာ သူက Fast & Furious franchise နဲ့ပတ်သတ်ပြီး Vin Diesel သူ့ကို လူသိရှင်ကြားမပြောခင်ကတည်းက သေသေချာချာသိရှိထားပြီးဖြစ်ကြောင်းပြောပါတယ်။ သူကိုင်တိုင် အနေနဲ့လည်း Fast & Furious franchise မှာ လုံးဝမပါဝင်တော့ဘူးဆိုတာ သေချာပေါက်ပြောရဲတယ်လို့လည်းဆိုထားပါတယ်။

Google

ဒီအကြောင်းအရာကို Dwayne Johnson က ဒီဇင်ဘာလ ၂၉ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာတင်ခဲ့တဲ့ CNN နဲ့အင်တာဗျူးတစ်ခုမှာ ပြောထားတာပဲဖြစ်ပါတယ်။ Dwayne Johnson ဟာ First & Furious Franchise မှာ Luke Hobbs အနေနဲ့သရုပ်ဆောင်ဖို့ လုံးဝစိတ်မဝင်စားကြောင်းကို ပြတ်ပြတ်သားသားပြောခဲ့တာပါ။ Vin Diesel ကသူ့ကို လူသိရှင်ကြားပြန်ခေါပြီး တောင်းဆိုတာတောင်မှ သူ့အနေနဲ့ လုံးဝ ပါဝင်လာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

Google

Diesel ရဲ့ First & Furious franchise မှာ ပါဝင်ဖို့ကမ်းလှမ်းချက်စာသားက ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းလှပေမယ့် သူ့အတွက်တော့ အရမ်းအံ့သြသွားခဲ့ရတဲ့အရာဖြစ်ကြောင်း Dwayne Johnson ကဆိုပါတယ်။

Google

သတင်းအရင်းမြစ်: Diesel ရဲ့ အင်စတာဂရမ် Post အကြောင်း ဖတ်ရန်

Johnson

Diesel က ကောင်းတဲ့စိတ်နဲ့အခုလို လုပ်တဲ့ပုံပေါ်ပေမယ့် Johnson ကတော့ Diesel က အခုလိုလုပ်ရပ်ဟာ ပုဂ္ဂိုလ်ရေးကို ခြယ်လှယ်တဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ပြောလာပါတယ်။ Johnson မကြိုက်တဲ့ အဓိကအချက်ကတော့ Diesel ရေးတဲ့စာထဲမှာ သူ့ရဲ့ ကလေးတွေအကြောင်းရော Paul Walker သေတဲ့ကိစ္စကိုပါထည့်ရေးထားတာကြောင့် မဆိုင်တာတွေကို ဆွဲထည့်ထားတယ်လို့ မြင်ကြောင်း Johnson ကဆိုပါတယ်။

Google

သူမပါနိုင်ပေမယ့် ပါဝင်မယ့်သရုပ်ဆောင်သူငယ်ချင်းတွေနဲ့ First and Furious franchise ကိုတော့ အောင်မြင်စေဖို့ ဆုတောင်းပေနေမယ့်အကြောင်းကို Johnson ကြီးက ထပ်ဆောင်းပြောထားပါသေးတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။