3 idiots ဇာတ်လမ်းနဲ့အရမ်းကို လူကြိုက်များပြီး နာမည်ကြီခဲ့တဲ့ မင်းသားကြီး Mohammed Aamir Hussain Khan ဟာဆိုရင် သားသမီးတွေကို အရမ်းချစ်တဲ့ ဖခင်တစ်ယောက် ဖြစ်ပါတယ်။ Aamir Khan ဟာ အားလပ်ရက်ပိတ်ရက်တွေမှာ မိသားစုနဲ့အချိန်ကုန်ဆုံးလေ့ရှိတဲ့သူဖြစ်ပြီး ဒီနှစ် ခရစ်စမတ် ပိတ်ရက်မှာလည်း မိသားစုနဲ့ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ် ။ သားသမီးတွေကိုအရမ်းချစ်တဲ့ Aamir Khan ဟာ ဇနီးဖြစ်သူတွေနဲ့တော့ အဆင်ပြေတဲ့သူမဟုတ်ပါဘူး။ Aamir Khan ဟာ သူ့ရဲ့ဇနီးသည် နှစ်ယောက်စလုံးနဲ့ ကွာရှင်းထားတဲ့သူဖြစ်ပါတယ်။

Google

Aamir Khan  တစ်ယောက် သမီးဖြစ်သူနဲ့လျှောက်လည်နေတဲ့ပုံလေးတွေကို သမီးဖြစ်သူ Ira Khan က သူမရဲ့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ထားတာဖြစ်ပါတယ်။ ပထမပုံလေးထဲမှာတော့ သူတို့သားအဖ နှစ်ယောက်က ခရစ်စမတ်သစ်ပင်ကြီးရဲ့ အရှေ့မှာ ရပ်ပြီး ရိုက်ထားကြတာပါ။

Ira's Instagram

နောက်ထပ်တစ်ပုံထဲမှာတော့ သမီးဖြစ်သူ Ira Khan ကို Aamir Khan နမ်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အရမ်းကို ချစ်ဖို့ကောင်းတဲ့ Aamir Khan တို့ သားအဖ နှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အရမ်းကို လူပြောများလျက်ရှိနေပါတယ်။

Ira's Instagram
Ira's Instagram

Ira ဟာ ၂၀၁၉ ခုနှစ်မှာ Euripedes’ Medea ဆိုတဲ့ ပြဇာတ်ထဲမှာ ပွဲဦးထွက်အနေနဲ့ပါဝင်ခဲ့ဖူးပါတယ်။ ဖခင် Aamir Khan နဲ့ မတူဘဲ သမီးဖြစ်သူ Ira ဟာ ရုပ်ရှင်မင်းသမီးတစ်ယောက်မဖြစ်ချင်ဘူးလို့သိရပါတယ်။

Ira's Instagram

Ira တစ်ယောက် Hindustan Times ဆိုတဲ့ အင်တာဗျူးတစ်ခုမှာ ဖြေထားခဲ့တာ ရှိပါတယ်။ အဲဒါကတော့ သူမဟာ ကင်မရာရှေ့မှာထက် ကင်မရာနောက်မှာ နေရာတာ ပိုပြီးသက်တောင့်သက်သာရှိပြီး အဆင်ပြေတယ်ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။ Aamir Khan ရဲ့ သမီးဖြစ်သူ Ira ဟာ ၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်တာကြောင့် သူမရဲ့ အသက်ဟာ အခုဆိုရင် ၂၄ နှစ်ရှိနေပြီပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။